PSG ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းအား ရိုးမားအသင်းတွင် လာရောက်ကစားရန် မော်ရင်ဟို ကမ်းလှမ်း

PSG ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းအား ရိုးမားအသင်းတွင် လာရောက်ကစားရန် မော်ရင်ဟို ကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 18 July 2022

ရိုးမားနည်းပြ မော်ရင်ဟိုသည် PSG အသင်း၏ နယ်သာလန်ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းအား ရိုးမားအသင်း၌ လာရောက်ကစားရန် ကမ်းလှမ်းခဲ့ကြောင်း အီတလီသတင်းစာတစ်စောင်ဖြစ်သည့် II Messaggero က ဖော်ပြခဲ့သည်။

၀ိုင်နယ်လ်ဒမ်းသည် PSG အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသူလည်း ဖြစ်သည်။

ထို့ ကြောင့် ၀ိုင်နယ်လ်ဒမ်းသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဆက်နေရန် ဆန္ဒမရှိတော့ကြောင်းလည်း သိရသည်။

သူသည် PSG အသင်းတွင် ရုန်းကန်နေရခြင်းကြောင့် နယ်သာလန်လက်ရွေးစင်အသင်း၌လည်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့သည်။

သို့သော် ရိုးမားအသင်းသည် PSG အသင်း၌ တစ်ပတ်လစာ ယူရို (၁၆၅၀၀၀)ရရှိနေသည့် ၀ိုင်နယ်လ်ဒမ်းအား ယင်းလစာငွေအတိုင်း ပေးချေ၍ ခေါ်ယူရန် ခက်ခဲနိုင်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

၀ိုင်နယ်လ်ဒမ်းအား ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကလည်း ချိတ်ဆက်နေကြောင်း သိရှိရသည်။

 

Most Read

Most Recent