ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်မှုအားရပ်ဆိုင်းထားရန် ဗဟိုဘဏ်က ညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူများက ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ ရည်ညွှန်းချက်များဖြစ်သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉-က၊ ပုဒ်မ ၃၈-ဃနှင့် ပုဒ်မ ၄၂-က၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၄၈ တို့အရပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ်များအနေဖြင့် မိမိတို့၏ Customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်းများသို့ ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်(Repayment Schedule)အား ပြည်ပရှိငွေချေးငှားသူ (Lender)များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းးကြားပေးရန်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များသို့ ဗဟိုဘဏ်က အကြောင်းကြားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်ပယ်ဖျက်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန် သည်။
ဇွန်လအတွင်းက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်း အထက်ပါရှိသည့်ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုခဲ့သည်။
ယင်းသို့ ကင်းလွတ်ခွင့်ပြုထားခြင်းအပေါ် ဇူလိုင် ၁၃ ရက်တွင် ပြန်လည်ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များအကြား ဇွန် ၇ ရက်တွင် ကျင်းပသည့်အစည်းအဝေးမှတ်တမ်းအား ရည်ညွန်းချက်ပါစာဖြင့် ပေးပို့ခဲ့ကြောင်း၊ အဆို ပါအစည်းအဝေးမှတ်တမ်း၏ ဆုံးဖြတ်ချက် အပိုဒ် ၄ (က) ဖြစ်သော ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သောကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့် အထက်ပါရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြေညာစာအမှတ် ၁၂/၂၀၂၂ မှ ခြွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူဆောင် ရွက်ပေးရန်ဟု ဖော်ပြခဲ့ခြင်းအား ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။
ပြည်ပရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်ပယ်ဖျက်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သည်။
ဇွန်လအတွင်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်း အထက်ပါရှိသည့်ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုခဲ့သည်။
ယင်းသို့ ကင်းလွတ်ခွင့်ပြုထားခြင်းအပေါ် ဇူလိုင် ၁၃ ရက်တွင် ပြန်လည်ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗီလိုင်စင်ရဘဏ်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။