ဇူလိုင် ၁၄ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၂၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၂၀၅၇၀၀၀ ဝန်းကျင်သို့ရောက်ရှိ

ဇူလိုင် ၁၄ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၂၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၂၀၅၇၀၀၀ ဝန်းကျင်သို့ရောက်ရှိ
Published 14 July 2022

ဇူလိုင်၁၄ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၂၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၀၅၇၀၀၀ ဝန်းကျင်ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင် ၁၄ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ်  ၂၀၅၇၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ်  ၁၉၃၆၀၀၀ ဝန်းကျင်ရှိသည်။

မတ် ၃၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၂၀၃၂၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၉၁၀၅၀၀ ဝန်းကျင်ရှိနေသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent