လီဗာပူးလ်ကို ဂိုးပြတ်နိုင်ပြီးနောက် စီရော်နယ်လ်ဒိုကို မလိုတော့ဟု မန်ယူပရိသတ်များ မှတ်ချက်ပြု

လီဗာပူးလ်ကို ဂိုးပြတ်နိုင်ပြီးနောက် စီရော်နယ်လ်ဒိုကို မလိုတော့ဟု မန်ယူပရိသတ်များ မှတ်ချက်ပြု
Photo : Getty Images
Photo : Getty Images
Published 14 July 2022

မန်ယူအသင်းပရိသတ်များသည် နည်းပြသစ် တန်ဟက်ဂ်၏ ပွဲဦးထွက်တွင် လီဗာပူးလ်အသင်းကို (၄-ဝ) ဂိုးဖြင့် အနိုင်ရပြီးနောက် စီရော်နယ်လ်ဒိုကို မလိုတော့ကြောင်း လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။

မန်ယူအသင်းသည် စီရော်နယ်လ်ဒို မပါဝင်သော်လည်း ထိုင်းနိုင်ငံတွင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ လီဗာပူးလ်အသင်းကို (၄-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် မန်ယူအသင်း ပရိသတ်များသည် အသင်းမှထွက်ခွာရန် တောင်းဆိုထားသည်ဟု သတင်းထွက်နေပြီး အသင်းရာသီကြိုခရီးစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ပေါ်တူဂီတွင်နေထိုင်နေသည့် စီရော်နယ်လ်ဒိုကို အသင်းတွင်မလိုတော့ကြောင်း လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြခြင်းဖြစ်သည်။

မန်ယူပရိသတ်များက "ဒီပွဲကို စီရော်နယ်လ်ဒို ကြည့်နေသင့်တယ်"၊ "စီရော်နယ်လ်ဒိုကို ချက်ချင်းရောင်းလိုက်တော့ ငါတို့အသင်း သူ့ကို မလိုတော့ဘူး"၊ "စီရော်နယ်လ်ဒိုရေ ... ကျေးဇူးပြုပြီး ပြန်မလာပါနဲ့တော့"၊ "စီရော်နယ်လ်ဒိုကြောင့် မန်ယူကစားသမားတွေ ခြေစွမ်းမပြနိုင်ဘူးဆိုတာ ဒီပွဲက သက်သေပဲ"၊ "ဒီညပဲ စီရော်နယ်လ်ဒိုကို ရောင်းထုတ်လိုက်ပါတော့" စသည့် မှတ်ချက်များကို ရေးသားခဲ့ကြသည်။

Most Read

Most Recent