မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်အောက်တိုဘာတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာနှင့် ဒူဘိုင်းသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရန်စီစဉ်နေ

မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်အောက်တိုဘာတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာနှင့် ဒူဘိုင်းသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရန်စီစဉ်နေ
Published 13 July 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်အောက်တိုဘာာတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာနှင့် ဒူဘိုင်းသို့လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။

“ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ သုံးစီးမြောက် ဘိုးရင်းလေယာဉ်ရောက်လာဖို့ စီစဉ်နေပါတယ်။ ခုလက်ရှိမှာ ယခင်က ပျံသန်းခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်တစ်ခုဖြစ်တဲ့ ချန်ဒူးနဲ့ဟောင်ကောင်ကို ပျံသန်းနိုင်ဖို့ ညှိနှိုင်းနေပါတယ်။ နောက်ပြီးအိန္ဒိယနိုင်ငံကိုလည်း ခရီးသည်တင်လေယာဉ် ခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ်ရည်မှန်းထားတဲ့ Target တစ်ခုက ဒူဘိုင်းကို နိုင်ငံတကာခရီးစဉ်ပျံသန်းနိုင်ဖို့ပါ။ ဒါကလည်း သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့ဆီကို သုံးစီးမြောက်ဘိုးရင်းလေယာဉ် ရောက်လာတဲ့အချိန်မှာ အချိန်ကိုက်ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လာမည့်အောက်တိုဘာမတိုင်ခင် ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Boeing 777-800 NG လေယာဉ်အား Dubai Aerospace Enterprise (DAE) မှ ငှားရမ်းထားခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင်အား ဖြည့်တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့်   ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များ ပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ်ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို charter@flymna.com သို့ email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent