ဇူလိုင် ၃ ရက်မှ ၉ ရက်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအားကောင်း လာနိုင်ခြင်းကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုး ကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း ဇူလိုင် ၁ ရက်တွင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လေပြင်းတိုက်ခတ် ခြင်းနှင့် မိုးကြီးမည့်သတိပေးချက်အနေဖြင့် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂ လားပင်လယ်အော်တို့တွင် မုတ်သုံလေ အား ကောင်းလာနိုင်ခြင်းကြောင့် ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ် ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။
ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇- မီလီ မီတာ) နှင့်အထက် ရွာသွန်းနိုင်ကြောင်း သိရ သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး နိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်^ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
ထိုသို့ မုတ်သုံလေ အားကောင်းလာနိုင် ခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေ ကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြို တင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ် ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေ ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေ ရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တန င်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ် ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေ ရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ရွှေကူ မြို့တွင် ၄ ဒသမ ၅၃ လက်မ၊ ထားဝယ်မြို့တွင် ၄ ဒသမ ၁၇ လက်မ၊ မော်လမြိုင်မြို့တွင် ၃ ဒသမ ၅၀ လက်မ၊ နေပြည်တော်လေဆိပ် (ဧလာ) တွင် ၃ ဒသမ ၂၇ လက်မ၊ ကျိုက်ဒုံမြို့ တွင် ၃ ဒသမ ၂၄ လက်မ၊ ချောင်းဆုံမြို့တွင် ၃ ဒသမ ၂၃ လက်မ၊ သိမ်ဇရပ်မြို့တွင် ၃ ဒသမ ၀၃ လက်မ၊ စစ်တွေမြို့တွင် ၂ ဒသမ ၈၄ လက်မ၊ ရန်ကုန် (ကမ္ဘာအေး) တွင် ၂ ဒသမ ၇၉ လက်မ၊ မြစ်ဆုံမြို့တွင် ၂ ဒသမ ၇၆ လက်မ၊ မုဒုံမြို့တွင် ၂ ဒသမ ၇၂ လက်မ၊ ကျိုက္ခမီမြို့နှင့် ကော့သောင်းမြို့တွင် ၂ ဒသမ ၆၈ လက်မစီ၊ ကျိုက်မရောမြို့တွင် ၂ ဒသမ ၅၆ လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ၂ ဒသမ ၅၄ လက်မ နှင့် ဘီးလင်းမြို့တွင် ၂ ဒသမ ၅၂ လက်မတို့ ဖြစ်ကြကြောင်း သိရသည်။
လာမည့်နှစ်ရက်အတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးပိုလာမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ် ပြန်ချက်အရ သိရသည်။















