၂၀၂၂ ခုနှစ် ဇွန် ၆ ရက်မှ ၂၉ ရက်အထိ ဥပဒေဘောင်းအတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် (၁) ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထိုသို့ ဥပဒေဘောင်တွင်ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦးတွင် အမျိုးသား ၁၅၆ ဦးနှင့် အမျိုးသမီး ၄၉ ဦးဖြစ်ကြောင်းသိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF ၂၀၅ ဦးသည် ကရင်ပြည်နယ်မှ တစ်ဦး၊ ရှမ်းပြည်နယ်မှ တစ်ဦး၊ မွန်ပြည်နယ်မှတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၁၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ရှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးှမှ ၄၁ ဦး၊ မကွေးတိုင်းဒေသကြီးမှှ ၁၂ ဦး ၊ စစ်ကိုင်းတိုင်ဒေသကြီးမှ ၁၀ ဦး၊ ပဲခူးတိုင်းအတွင်းမှ ကိုးဦး၊ ကယားပြည်နယ်မှသုံးဦးဖြစ်ကြောင်း သိရသည်။
"ဒါကြောင့််မို့လို့ ကျွန်တော်တို့အနေနဲ့ လူငယ်လူရွယ်တွေ၊ လမ်းမှားရောက်နေတဲ့ အဖွဲ့တွေအနေနဲ့ မိမိတို့ကို အသုံးချနေတာကို သိမြင်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဖိတ်ခေါ်နေတဲ့အချိန်မှာ ပြန်လည်ဝင်ရောက်နိုင်ရေး၊ တစ်ဖက်နိုင်ငံအနေနဲ့ကလည်း ကူညီပေးမယ်လို့ပြောပြီးဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်နိုင်ရေး ဆက်သွယ်ဆောင်ရွက်သွားကြပါလို့ စေတနာနဲ့တိုက်တွန်းလိုပါတယ်။ သက်ဆိုင်သူအားလုံးကလည်း ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြပါလို့ ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















