■ လီဗာပူးလ်၏ ထောက်ပံ့ကူညီပေးခဲ့မှုကို မိမိ ဘယ်တော့မှမမေ့ဟု မီနာမီနို ဆို     

■ လီဗာပူးလ်၏ ထောက်ပံ့ကူညီပေးခဲ့မှုကို မိမိ ဘယ်တော့မှမမေ့ဟု မီနာမီနို ဆို     
Photo: Getty Images
Photo: Getty Images
Published 1 July 2022

လီဗာပူးလ်မှ မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဂျပန်ကစားသမား မီနာမီနိုက မိမိအပေါ် လီဗာပူးလ်အသင်း၏ ထောက်ပံ့ကူညီပေးခဲ့မှုကို ဘယ်တော့မှ မေ့မည်မဟုတ်ဟု ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဂျပန်ကွင်းလယ်လူ မီနာမီနိုသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် (၇.၂၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 

သို့သော် ၎င်းသည် လီဗာပူးလ်အသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရအတွက် ယခုနွေရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရမည့် မိုနာကိုအသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၁၅) သန်း + Add-ons ကြေး (ပေါင် ၃ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

မီနာမီနိုက အပြောင်းအရွှေ့အတွက် နှုတ်ဆက်ရာတွင် "လွန်ခဲ့တဲ့(၂)နှစ်ခွဲမှာ လီဗာပူးလ်ကို စရောက်ကတည်းက အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ အားလုံးဆီက အလွန်များပြားတဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိခဲ့ပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ လီဗာပူးလ်အသင်း အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

မီနာမီနိုသည် လီဗာပူးလ်အသင်းအတွက် (၂) ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၅၅) ပွဲသာ ကစားခွင့်ရခဲ့သော်လည်း (၁၄) ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent