■ PSG အသင်းမှ ယူရို(၁၀)သန်းဖြင့် ထွက်ခွာရန် ပိုချက်တီနို သဘောတူညီမှုရရှိ     

■ PSG အသင်းမှ ယူရို(၁၀)သန်းဖြင့် ထွက်ခွာရန် ပိုချက်တီနို သဘောတူညီမှုရရှိ     
Photo: Getty Images
Photo: Getty Images
Published 1 July 2022

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် PSG အသင်းမှ ယူရို(၁၀)သန်းဖြင့် ထွက်ခွာရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

PSG အသင်းသည် ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်ပြီး နိုက်စ်အသင်းနည်းပြ ဂယ်လ်ချီကို အစားထိုးခန့်အပ်မည်ဖြစ်သည်။ 

ထို့ကြောင့် ပိုချက်တီနိုအား လျော်ကြေးပေးချေရန် ညှိနှို်င်းမှုများ ပြုလုပ်ခဲ့ရာ ယခုနောက်ဆုံး ယူရို(၁၀)သန်းဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

ပိုချက်တီနိုသည် စပါးအသင်းနှင့် လမ်းခွဲပြီးနောက် PSG အသင်းသို့ ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် PSG အသင်းတာဝန်ရှိသူများက ၎င်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent