လာအို နိုင်ငံ၌ သွားရောက်၍ အလုပ်လုပ်ကိုင်ပြီး အခက်အခဲများ‌ ကြောင့် နေရပ်ပြန်လိုသည့် မြန်မာရွှေပြောင်းလုပ်သား ၂၁၁ ဦး တချီလိတ်မြို့သို့ပြန်လည်လွှဲပြောင်းလာ

လာအို နိုင်ငံ၌ သွားရောက်၍ အလုပ်လုပ်ကိုင်ပြီး အခက်အခဲများ‌ ကြောင့် နေရပ်ပြန်လိုသည့် မြန်မာရွှေပြောင်းလုပ်သား ၂၁၁ ဦး တချီလိတ်မြို့သို့ပြန်လည်လွှဲပြောင်းလာ
Published 28 June 2022
သတင်း -  ပြည့်စုံ(မူဆယ်)

ဓါတ်ပုံ - SKL

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆပ်ကမ်း တွင်  ဇွန် လ ၂၇ ရက် နံနက် ၁၀ နာရီအချိန်ခန့်က လာအို နိုင်ငံ၌ သွားရောက်၍ အလုပ်လုပ်ကိုင်ပြီး အခက်အခဲများ‌ ကြောင့် နေရပ်ပြန်လိုသည့် မြန်မာရွှေပြောင်းလုပ်သား ၂၁၁ ဦး ကို လာအိုနိုင်ငံ တာဝန်ရှိသူများက တချီလိတ်မြို့ရှိ မြန်မာတာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းလာကြောင်းသတင်းရရှိသည်။

အဆိုပါ လွှဲပြောင်းလာသော  နေရပ်ပြန်လိုသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တာချီလိတ်မြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်အရေးပေါ် တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးမှုး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက  လိုအပ်သည်များကိုမေးမြန်းပြီး ၎င်းတို့အား ကူညီ ဖြည့်ဆည်း ပေးခဲ့ကာ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆပ်ကမ်းမှနေ၍ မော်တော်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခင်က လာအိုနိုင်ငံမှာ ပြန်လာသူများအား ကွာရန်တင်း (၃)ရက်၊(၅)ရက် (သို့မဟုတ်) (၇)စသဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တာချီလိတ်မြို့နယ်အတွင်းရှိ ကွာရန်တင်းစင်တာများ၌ ကွာရန်တင်းဝင်​​စေပြီးမှသာ ​​နေရပ်သို့ ပြန်လည်စေလွှတ်ရန် စီစဉ်ခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသူ (၁၆၆)ဦးအားဝမ်ပုံဆိပ်ကမ်း၌ နှာခေါင်းထိုးကာ ကိုဗစ်ရောဂါပိုး ရှိမရှိ ထပ်မံစစ်ဆေး၍ ရောဂါပိုးမ‌‌တွေ့ရှိသဖြင့် ၎င်းတို့ နေထိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ (၁၂ )ဘီးကားများ ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးလက်မှတ်မရှိသူ ၄၅ ဦးအား စံလင်းဖြိုးကွာရန်တင်းစင်တာ၌ ၃ ရက်တာ ကွာရန်တင်းဝင်စေပြီးနောက် ကိုဗစ်ရောဂါထပ်မံ စစ်ဆေးပြီးနောက် ​​နေထိုင်ရာနေရာများသို့ ပြန်နိုင်ရန် စီစဉ်​​ပေးမည်ဖြစ်ကြောင်းသိရသည်။




Most Read

Most Recent