ကပ္ပလီပင်လယ်ပြင်၌ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေသည့်အတွက် ရန်ကုန်တိုင်းတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်၌ နေရာကွက်၍မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်၌ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေသည့်အတွက် ရန်ကုန်တိုင်းတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်၌ နေရာကွက်၍မိုးကြီးနိုင်
Published 4 June 2022

မုတ်သုံလေ အားကောင်းနေသည့်အခြေအနေ ပြသထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည့် အတွက် ရန်ကုန်တိုင်းတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်၌ နေ ရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေအားအသင့်အတင့်မှ အားကောင်းနေ ခြင်းကြောင့် ဇွန် ၅ ရက် နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေး တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တ လေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင် ပိုင်း) တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီး နိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရ သည်။

ဆက်လက်ပြီး မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်^မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ခုနစ်ပေမှ ၁၀ ပေခန့်ရှိနိုင် ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာကွက်ကျား၊ ကယားပြည်နယ် တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဒေသအလိုက် မိုးကြီးခဲ့ ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခန္တီး မြို့တွင် ၄ ဒသမ ၅၃ လက်မ၊ ဖောင်းပြင်မြို့ တွင် ၃ ဒသမ ၃၅ လက်မ၊ မိုးညှင်းမြို့တွင် ၂ ဒသမ ၂၄ လက်မ၊ မောင်တောမြို့တွင် ၂ ဒသမ ၁၆ လက်မ၊ ရန်ကုန် (မြို့လယ်) တွင် ၁ ဒသမ ၉၇ လက်မ၊ မြိတ်မြို့တွင် ၁ ဒသမ ၈၅ လက်မ၊ မြစ်ကြီးနားမြို့တွင် ၁ ဒသမ ၈၁ လက်မ၊ သံတွဲမြို့တွင် ၁ ဒသမ ၅၄ လက်မ၊ ကျောက်တော်မြို့တွင် ၁ ဒသမ ၅၀ လက်မ၊ ဘီးလင်းမြို့တွင် ၁ ဒသမ ၄၂ လက်မနှင့် ထီး လင်းမြို့နှင့် အမ်းမြို့တို့တွင် ၁ ဒသမ ၃၄ လက်မစီတို့ဖြစ်ကြကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

လာမည့် နှစ်ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မုတ်သုံလေ အားအ သင့်အတင့်ရှိမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent