၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်တွင် အခြေခံပညာ ကျောင်း အပ်နှံသူ နှစ်သိန်းနှစ်သောင်းကျော်ရှိ ကြောင်း သတင်းရရှိသည်။
မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်အထိ ကျောင်းအပ်လက်ခံမှုတွင် ယခင်နှစ်ကာလ တူထက် များပြားကြောင်း သိရသည်။
ကချင်ပြည်နယ် ပြည်နယ် ပညာရေးမှူး ဦးကြည်စိန်က“ပညာသင်ကြားရေးက ဒီနေ့ စပြီးပေါ့။မဖွင့်နိုင်သေးတဲ့ ကျောင်းတွေလည်း စာရင်းကောက်ယူဆဲပါ။ ကျောင်းသား၊ ကျောင်းသူဦးရေများလာတဲ့အပေါ် ဆရာ၊ဆရာမအသစ် ခန့်အပ်နိုင်ရေးပါ ဆောင်ရွက်နေကြရ ပါတယ်” ဟု ပြောကြားသည်။
မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံသူ ဦးရေ ၅၆ သိန်းကျော်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အ တွင်း မိုးညှင်းမြို့နယ်တွင် ဇွန်လ ၈ ရက်တွင် မိုးညှင်းမြို့၊နားခါ အထက်တန်းကျောင်း၊မြို့သစ်ကလေးကျေးရွာ အထက်တန်းကျောင်း၊ ဇွန်လ ၉ ရက်တွင် အင်းတော်ကြီးမြို့(ယခင် လုံးတုံရွာ)အထက်တန်းကျောင်း ၊ဇွန်လ ၁၇ ရက်တွင် မိုးညှင်းမြို့နယ် အင်းလေးကျေး ရွာ အလယ်တန်းကျောင်းခွဲတို့ မီးရှို့ခံထားရ ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မိုးမောက်မြို့ အထက ကျောင်း တွင် ဇွန်လ ၂၂ ရက် နံနက် ၉ နာရီကျောင်း တက်ချိန် ကျောင်းတက်လက်မှတ်ထိုးသည့် စားပွဲအောက် မိုင်းနှစ်လုံးပေါက်ကွဲပြီး ဆရာမ တစ်ဦးနှင့်ကျောင်းလုံခြုံရေးသားအဖတို့ ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်တွင် ပညာရေးဌာနများ မိုင်းခွဲခံရမှု ၊ ကျောင်းဝန်း အနီး မိုင်းပေါက်ကွဲမှု၊ ကျောင်းအုပ်ကြီး နေ အိမ် မိုင်းပစ်ခံရမှု၊ ဆရာ၊ဆရာမ နားနေ ဆောင်များ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သည်။
ထွန်းလင်းအောင်(မြစ်ကြီးနား)















