ဝက်စ်ဟမ်းသို့ အငှားပြောင်းရွှေ့မည့် ယာအိုမာရီယို ဆေးစစ်မှုအောင်မြင်

ဝက်စ်ဟမ်းသို့ အငှားပြောင်းရွှေ့မည့် ယာအိုမာရီယို ဆေးစစ်မှုအောင်မြင်
Published 27 January 2018

ဝက်စ်ဟမ်းအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့မည့် အင်တာမီလန်အသင်း၏ ပေါ်တူဂီ
ကွင်းလယ်လူ ယာအိုမာရီယိုသည် ပြီးခဲ့သည့်ကြာသပတေးနေ့က လန်ဒန်သို့ လာရောက်
ကာ ဝက်စ်ဟမ်းအသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီး အောင်မြင်ခဲ့ကြောင်းသိရသည်။ ပေါ်တူဂီ
အသင်းနှင့်အတူ ယူရို-၂၀၁၆ ချန်ပီယံဆုဆွတ်ခူးခဲ့သည့် ယာအိုမာရီယိုကို ဝက်ဟမ်းအသင်း
က ပေါင်(၁)သန်းဖြင့် အငှားခေါ်ယူခဲ့ပြီး ရာသီကုန်တွင် ပေါင်(၂၆)သန်းဖြင့် အပြီးသတ်ခေါ်ယူ
ဖွယ်ရှိနေသည်။

ယာအိုမာရီယိုအနေဖြင့် ယခုစနေနေ့တွင် ဝီဂန်နှင့်ကစားမည့် FA ဖလားပွဲ၌ ဝက်စ်ဟမ်းအသင်း
အတွက် ပါဝင်ကစားဖွယ်မရှိသော်လည်း လာမည့်အင်္ဂါနေ့တွင် ကစားရန်ရှိသည့် ပဲလေ့စ်နှင့်ပရီးမီး
ယားလိဂ်ပွဲ၌ အသင်းသစ်နှင့်အတူ ပွဲထွက်ရန်နီးစပ်နေကြောင်းသိရသည်။ အသက်(၂၅)နှစ်အရွယ်
ရှိပြီဖြစ်သူ ယာအိုမာရီယိုသည် ယခုအပြောင်းအရွှေ့ဈေးကွက်အတွင်း ဝက်စ်ဟမ်းအသင်းက ပထမဆုံး
ခေါ်ယူခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

REF:Daily Mail

Most Read

Most Recent