ရန်ကုန်မြို့လယ်ကောင် ကျောက်တံတားမြို့နယ် ဘားလမ်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ခြောက်ဦးခန့် ဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရကြောင်း ကနဦးသိရ

ရန်ကုန်မြို့လယ်ကောင် ကျောက်တံတားမြို့နယ် ဘားလမ်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ခြောက်ဦးခန့် ဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရကြောင်း ကနဦးသိရ
ပုံစာ-ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘားလမ်းကားမှတ်တိုင်နှင့် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလုံခြုံရေးယူနေစဉ်
ပုံစာ-ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘားလမ်းကားမှတ်တိုင်နှင့် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလုံခြုံရေးယူနေစဉ်
Published 31 May 2022

ရန်ကုန်မြို့လယ်ကောင် ကျောက်တံတားမြို့နယ် ဘားလမ်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ခြောက်ဦးခန့် ဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရကြောင်း ကနဦး သိရသည်။

ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် ၃၅ လမ်းထိပ် ဘားလမ်းကားမှတ်တိုင်တွင် မေ ၃၁ ရက်၊ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအနော်ရထာလမ်းမကြီးရှိ ဘားလမ်းကားမှတ်တိုင်နှင့် အနီးတွင် ဘက်စ်ကားစောင့်နေသူများ၊ ဖြတ်သန်းသွားလာသူများဖြင့် လူစည်းကားရာနေရာဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူတစ်ဦးက “ဗုံးပေါက်တဲ့အသံက တော်တော်အသံကျယ်တယ်။ ဘားလမ်မှတ်တိုင်မှာပေါက်တာ။ အဲ့ဒီမှာဘက်စ်ကားစောင့်နေတဲ့လူများတယ်။ လူသွားလူလာများတယ်။ အခုဒဏ်ရာ‌ရတဲ့သူတွေမှာ ကားစောင့်နေတဲ့သူတွေပါတယ်။ အခြားဘယ်သူတွေထိလဲတော့ သေချာမသိရသေးဘူး။ အရေးပေါ်ကားသံတွေလည်း ကြားရတယ်။ အခုရဲတွေ၊ စစ်သားတွေ ရောက်နေတယ်။ လမ်းကတော့ ပန်းဆိုးတန်းမီးပွိုင့်ကနေ စပိတ်ထားတယ်” ဟု ပြောကြားခဲ့သည်။

ထပ်မံစုံစမ်းမေးမြန်းမှုအရ ယင်းပေါက်ကွဲမှုကြောင့် ဘက်စ်ကားစောင့်နေသူများနှင့် ဖြတ်သန်းသွားသူအပါအဝင် ခြောက်ဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်းနှင့် နှစ်ဦးမှာ ဒဏ်ရာစိုးရိမ်ဖွယ်ရှိကြောင်း ကျောက်တံတားမြို့နယ် ဆူးလေစေတီအနီးနေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီးတွင် အနော်ရထာလမ်းမကြီးအား ပန်းဆိုးတန်းမီးပွိုင့်မှစတင်ကာ ယာယီလမ်း ပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့များရောက်ရှိ စစ်ဆေးနေကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကားမှတ်တိုင် အနီးဝန်းကျင်ရှိ ဈေးဆိုင်ခန်းများလည်း ပိတ်ထားပြီး  အပျက်အစီး အပိုင်းအစအချို့ ပြန့်ကျဲလျက်ရှိသည်ကို တွေ့ရသည်။

 

Most Read

Most Recent