မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(Phase 1) ညောင်လေးပင်-တောင်ငူလမ်းပိုင်း ခြံစည်းရိုးကာရံခြင်း၊RBE စက်ခေါင်းအရန်ပစ္စည်း ဝယ်ယူရန် အပါအဝင်လုပ်ရန် လုပ်ငန်း ၁၁မျိုးဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(Phase 1) ညောင်လေးပင်-တောင်ငူလမ်းပိုင်း ခြံစည်းရိုးကာရံခြင်း၊RBE စက်ခေါင်းအရန်ပစ္စည်း ဝယ်ယူရန် အပါအဝင်လုပ်ရန် လုပ်ငန်း ၁၁မျိုးဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 30 May 2022

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (Phase-1) ညောင်လေးပင်-တောင်ငူလမ်းပိုင်း၍ ခြံစည်းရိုးကာရံခြင်း၊RBE စက်ခေါင်း အရန်ပစ္စည်း ဝယ်ယူရန် အပါအဝင်လုပ်ရန် လုပ်ငန်း ၁၁မျိုးဆောင်ရွက်ရန်အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့သည့် လုပ်ငန်း ၁၁ မျိုးတွင် နိုင်ငံခြား စက္ကူဖြူများနှင့် မိတ္တူကူးစက် ဆက်စပ်ပစ္စည်းများ 1 Lot ၊ အဆင့်မြင့် စက္ကူဖြူ နှစ်မျိုး၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်း ၁၆၂ မျိုး ဝယ်ယူခြင်း၊ GNC 140 (Nickel Cadmium Battery ၂ဝစုံ ဝယ်ယူခြင်း၊ အင်ဂျင်၊ ထရန်စမင်ရှင်း၊ ဘိုဂီအရန်ပစ္စည်း ၈၅ မျိုးဝယ်ယူခြင်း၊ ဒီဇယ်လျှပ်စစ်၊ အအေးပြု၊ အရန်စက်ငယ်အရန်ပစ္စည်းနှင့် သံရည်ကြို ပစ္စည်း ၈ဝမျိုး ဝယ်ယူရန် စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်ရေး အတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ရန်အတွက် အတွေ့အကြုံရှိ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ (Open tender) တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

အဆိုပါနိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်မည့်လုပ်ငန်းတည်နေရာမှာ မော်လမြိုင်မြို့၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာနှင့် ဝဲကလိကျေးရွာ အကြားအနီး တွင်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံများကို မတ် ၂၅ရက်မှ ဇွန် ၃ ရက်အထိ ရုံးချိန်အတွင်း မြို့ပြ အင်ဂျင်နီယာဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်) တွင်ဖြစ်ပြီး ဇွန် ၉ ရက်မွန်းလွဲ ၁ နာရီတွင် နောက်ဆုံးထား၍  တင်ဒါပုံစံများကို တင်သွင်းရမည်ဟု သိရသည်။

တင်ဒါဖွင့်မည့်နေ့ရက်မှာ ဇွန် ၁ဝရက်၊ နေ့လည် ၁နာရီတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်(ရုံးချုပ်) အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၂၅၄၂၈၅၈၇၂၊ ၀၁ ၃၈၇၁၁၇ (Ext-၃၀၆) သို့ရုံးချိန်အတွင်း တိုက်ရိုက်မေးမြန်းနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

၂၀၂၂ခုနှစ်၊ မေလအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၂ခု၏ စုစုပေါင်း ကုန်သေတ္တာ တင် သင်္ဘော ၅၄စီး ဝင်ရောက်ရန် လျာထားရာ မေ ၂၀ ရက်ထိ ကုန်သေတ္တာတင် သင်္ဘော  ၃၆ စီးခန့် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာမှ ထုတ်ပြန်သော သတင်းအချက်များ အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လေးလတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၁၉၉ စင်း ဝင်ရောက်ခဲ့ကြောင်း  မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန် သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၀ ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန် အတွက်လည်းကောင်း ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

         

Most Read

Most Recent