၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၄၆ သန်းကျော် ဝင်ရောက်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၄၉ ရာခိုင်နှုန်းသာရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၄၆ သန်းကျော် ဝင်ရောက်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၄၉ ရာခိုင်နှုန်းသာရှိ
စပါးစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
စပါးစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 29 May 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၄၆ သန်းကျော် ဝင်ရောက်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၄၉ ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ရာခိုင်နှုန်းအောက် ရောက်ရှိနေတာကို ကျွန်တော်တို့ ဌာနရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဒါကြောင့် နိုင်ငံရဲ့အရေး ပါတဲ့ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရေး နည်းလမ်းများ ရှာဖွေပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့် ၎င်းကဏ္ဍတွေအတွက် ပိုမိုကောင်း မွန်လာမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့်အခြေ အနေကိုလေ့လာကြည့်ပါက၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်းက လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်း ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ပေ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန် အထိ မြန်မာနိုင်ငံအတွင်းသို့  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၃၉၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ သုည ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့ အားလျော်စွာ စိုက်ပျိုးရေးအခြေခံ စီးပွားရေးစနစ်ကို ရောက်ရှိစေနိုင်ဖို့အတွက်  စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားနဲ့ အရည်အသွေးတိုးတက် မှုရှိစေရေး အရေးတကြီးလိုအပ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၄၁ ဒသမ ၈၃၈ သန်းသာ ဝင်ရောက်ထားသည်။ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၂၆ ဒသမ ၂၁၈ သန်း ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးစနစ်ကို ရောက်ရှိနိုင်ရန် စိုက်ပျိုးရေးကုန် ထုတ်စွမ်းအားနှင့် အရည်အသွေး တိုးတက်မှုရှိစေရေး အရေးတကြီး လိုအပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁  ခုနှစ် ဇန်နဝါရီ ၂၈  ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုုပါဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်နှစ်ခုရှိကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်နှင့် ယင်းကဏ္ဍနှင့် သက်ဆိုင်သည့် စိန်ခေါ်မှုအခက်အခဲများကို အစိုးရ၊ ပုဂ္ဂလိက ရှုထောင့် အသီးသီးက ဖော်ထုတ်ပြီးအဖြေရှာနိုင်ရန်ဖြစ်ကြောင်း ဦးသန့်စင်လွင် က ပြောကြားခဲ့သည်။

Most Read

Most Recent