နစက ဥက္ကဋ္ဌ နှင့် KNU/KNLA-PC အဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ၍  ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး 

နစက ဥက္ကဋ္ဌ နှင့် KNU/KNLA-PC အဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ၍  ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး 
Published 26 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA–PC) ဥက္ကဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့(မေ ၂၆ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ဧပြီ ၂၆ ရက်တွင် တွေ့ဆုံခဲ့သည့် (KNU/KNLA–PC) သည် တတိယမြောက်တွေ့ဆုံသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent