ရန်ကုန်တိုင်း အတွင်း မြို့နယ်အချို့တွင် လျှပ်စစ်မီးအား ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ စမ်းသပ်ထုတ်လွှတ်ပေးနေပြီး အချိန်လိုက် မီးပေးမှု ပုံမှန်အတိုင်း ရှိနေမည်

ရန်ကုန်တိုင်း အတွင်း မြို့နယ်အချို့တွင် လျှပ်စစ်မီးအား ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ စမ်းသပ်ထုတ်လွှတ်ပေးနေပြီး အချိန်လိုက် မီးပေးမှု ပုံမှန်အတိုင်း ရှိနေမည်
Published 26 May 2022

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်မီးအား ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ စမ်းသပ် ထုတ်လွှတ်ပေးနေပြီး အချိန်လိုက် မီးပေးမှု ပုံမှန်အတိုင်းရှိနေမညဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း (YESC) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ ညနေ ၅ နာရီကနေ တောက်လျှောက် နိုင်ရင်နိုင်သလောက်ပေးပါမှာ။ အတိအကျတော့ မရှိသေးဘူး” ဟု ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း(YESC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က လျှပ်စစ်မီးပေးနေသည့် စနစ်တစ်ခုဖြစ်သည့် လေးနာရီခြား လျှပ်စစ်မီးပေးနေမှုမှာ ပုံမှန်အ တိုင်းရှိနေမည်ဖြစ်ကာ ပြောင်းလဲခြင်းမရှိသေးကြောင်း သိရသည်။

“ လေးနာရီခြားတစ်ခါလာတဲ့ဟာကတော့ ပုံမှန်အတိုင်းပဲရှိနေပါမယ်။ အပြောင်းအလဲမရှိသေးပါဘူး” ဟု YESC မှတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း အုပ်စုနှစ်စုခွဲပြီး လေးနာရီခြားတစ်ခါ မီးပေးမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် လေးခုခွဲခြားသတ်မှတ်ထားပြီး ယင်းခရိုင်လေးခုအနက်မှ အုပ်စု အေနှင့် အုပ်စုဘီဟု ခွဲခြားသတ်မှတ်ထားကာ လေးနာရီခြားတစ် ခါမီးပြတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အုပ်စုအေတွင် မီးလာနေပါက အုပ်စု ဘီတွင် မီးပြတ်နေမည်ဖြစ်ကာ အုပ်စုဘီတွင် မီးလာနေပါက အုပ်စုအေတွင် မီးပြတ်မည်ဖြစ်ပြီး လျှပ်စစ်မီးရရှိချိန်မှာ လေးနာရီသာရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့် ပေးဝေရာတွင် စက်မှုဇုန်များအနေဖြင့် နံနက် ၉ နာရီမှညနေ ၅ နာရီအထိသာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ကျန်သည့်အချိန်များတွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ထုတ်ပြန်ချက်အရ သိရသည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ်ခန့် ရှိပြီး  လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့စျေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရ ခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ၂၃၀ ကေဗွီဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပုံမှန်ပို့လွှတ်လျက်ရှိသည့် ၂၂၀ မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အား ဖြန့်ဖြူးပေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

Most Read

Most Recent