ကွင်းသစ်စီမံကိန်းအတွက် စပါးအသင်း ပေါင်သန်း (၁၀၀)ထပ်မံချေးယူခဲ့ရပြီး အသင်း၌တင်ရှိသည့်အကြွေးမှာ ပေါင်သန်း(၅၀၀)အထိရှိလာ

ကွင်းသစ်စီမံကိန်းအတွက် စပါးအသင်း ပေါင်သန်း (၁၀၀)ထပ်မံချေးယူခဲ့ရပြီး အသင်း၌တင်ရှိသည့်အကြွေးမှာ ပေါင်သန်း(၅၀၀)အထိရှိလာ
Photos: Reuters,Independent
Photos: Reuters,Independent
Published 21 October 2018

 

အင်္ဂလန်ကလပ်စပါးအသင်းသည် ၎င်းတို့၏ ကွင်းသစ် စီမံကိန်းအတွက် ချေးငွေ ပေါင်သန်း (၁၀၀) ထပ်မံချေးယူခဲ့ရကြောင်း သိရှိရသည်။ စပါးအသင်းသည် ၎င်းတို့၏ အိမ်ကွင်း ၀ိှုက်ဟတ်လိန်းကို ဖြိုချကာ ကွင်းသစ်ပြန်လည်တည်ဆောက်လျက်ရှိပြီး ယင်းစီမံကိန်းမှာ နှောင့်နှေးကြန့်ကြာလျက်ရှိနေသလို၊ ကုန်ကျစရိတ်မှာလည်း မျှော်မှန်းထားသည်ထက် ပိုမိုများပြားနေကြောင်း သိရသည်။

စပါးအသင်းသည် ၂၀၁၇၊ မေလအတွင်းက ယင်းကွင်းသစ်စီမံကိန်းအတွက် America Merrill Lynch၊ Goldman Sachs နှင့် HSBC ဘဏ်များမှ ချေးငွေ ပေါင်သန်း(၄၀၀) ချေးယူခဲ့သည်။ ပရိသတ်(၆၁၅၀၀)ဆံ့ ယင်းကွင်းသစ်ကို ယခု နှစ်၊ စက်တင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားခဲ့သော်လည်း မပြီးစီးခဲ့ဘဲ စီမံကိန်းမှာ ရှုပ်ထွေးမှုများစွာရှိနေသည်။ ယင်းကဲ့သို့ နှောင့်နှေးမှုများဖြစ်ပေါ်ခြင်းက ကုန်ကျစရိတ်ကို ပိုမိုများပြားစေကြောင်းလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

စပါးအသင်းတင်ရှိနေသည့် ကြွေးမြီပမာဏမှာ ပေါင်သန်း (၅၀၀) အထိရောက်ရှိလာရာ ဥရောပရှိ ကြွေးမြီအများဆုံးအသင်းများစာရင်းတွင် ထိပ်ဆုံးမှ မန်ယူအသင်း၏နေရာသို့ အစားထိုးဝင်ရောက်လာနိုင်ကြောင်းလည်း Daily Mail  သတင်းစာက ဖော်ပြခဲ့သည်။ ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သော UEFA ၏ ဖော်ပြချက်များအရ မန်ယူအသင်းမှာ ဥရောပတိုက်ရှိ ကြွေးမြီအများဆုံးအသင်းစာရင်းတွင် ယူရို(၅၃၆)သန်းဖြင့် ဦးဆောင်လျက်ရှိနေသည်။

လက်ရှိ ငွေလဲလှယ်နှုန်းအရ စပါးအသင်း၏ ကြွေးမြီပေါင်သန်း(၅၀၀)မှာ ယူရိုအားဖြင့် (၅၆၅)သန်းရှိမည်ဖြစ်ရာ မန်ယူအသင်း၏ ကြွေးမြီပမာဏကို ကျော်လွန်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ကလပ်အသင်းများ စီးပွားရေးဆိုင်ရာအစီရင်ခံစာ ထွက်ပေါ်လာပါက စပါးအသင်းမှာ မန်ယူအသင်း၏ ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူဖွယ်ရှိနေသည်။ ယခုနှစ်၊ ဇန်နဝါရီလက နောက်ဆုံးထုတ်ပြန်ခဲ့သော ဥရောပကြွေးမြီအများဆုံး ကလပ်အသင်း(၁၀)သင်းစာရင်းတွင် အင်္ဂလန်မှ မန်ယူနှင့် QPR အသင်းတို့ပါဝင်ခဲ့သည်။ ဒုတိယနေရာမှ ဘင်ဖီကာအသင်းထက် ထိပ်ဆုံးမှ မန်ယူအသင်းက ကြွေးမြီ ယူရိုသန်း (၂၀၀)တိတိ ပိုမိုများပြားနေကြောင်း သိရသည်။

Most Read

Most Recent