နယ်သာလန်ဂန္ထဝင်တိုက်စစ်မှူး ဗန်ဘက်စတန်က ချယ်လ်ဆီးတောင်ပံကစားသမား ဇီယာ့ရှ်အား ခေါ်ယူရန် မန်ယူနည်းပြသစ် တန်ဟက်ဂ်ကို တိုက်တွန်းပြောကြားခဲ့သည်။
ယခုနွေတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်မည့် တန်ဟက်ဂ်သည် ကစားသမားသစ်များ ခေါ်ယူသွားဖွယ်ရှိနေပြီး အေဂျက်စ်အသင်းတွင် တန်ဟက်ဂ်နှင့် လက်တွဲခဲ့ဖူးသည့် ဇီယာ့ရှ်အား ခေါ်ယူရန် ဗန်ဘက်စတန်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဗန်ဘက်စတန်က ''တန်ဟက်ဂ်အနေနဲ့ ဇီယာ့ရှ်ကို ခေါ်ယူသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဇီယာ့ရှ်ဟာ အင်္ဂလန်မှာ ကစားနေပြီဖြစ်ပြီး သူဟာ တန်ဟက်ဂ်ရဲ့ မန်ယူအသင်းအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဇီယာ့ရှ်သည် တန်ဟက်ဂ်၏ အေဂျက်စ်အသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိိ ကစားခဲ့သူဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီတွင် ချယ်လ်ဆီးအသင်းသို့ ယူရိုသန်း (၄၀) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။















