PSG အသင်း၏ မြင့်မားသည့်ကမ်းလှမ်းမှုကြောင့် လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မာနေ တုံ့ဆိုင်းနေဟု Bild ဖော်ပြ 

PSG အသင်း၏ မြင့်မားသည့်ကမ်းလှမ်းမှုကြောင့် လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မာနေ တုံ့ဆိုင်းနေဟု Bild ဖော်ပြ 
Photo: Getty Images
Photo: Getty Images
Published 19 May 2022

လီဗာပူးလ်တိုက်စစ်ကစားသမား မာနေအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် တုံ့ဆိုင်းနေခြင်းမှာ PSG အသင်း၏ မြင့်မားသည့်ကမ်းလှမ်းမှုကို လက်ခံရရှိထားခြင်းကြောင့်ဖြစ်သည်ဟု ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေသည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချု့ပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

သို့သော် လီဗာပူးလ်အသင်းအနေဖြင့် မာနေကို လက်လွှတ်လိုခြင်းမရှိဘဲ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှုမရသေးကြောင်း သိရသည်။

မာနေက လီဗာပူးလ်အသင်းတွင် ပျော်ရွှင်နေသည်ဟု ပြောကြားထားသော်လည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် တုံ့ဆိုင်းနေခြင်းမှာ PSG အသင်းထံမှ မြင့်မားသည့် ကမ်းလှမ်းမှုကို လက်ခံရရှိထားခြင်းကြောင့်ဖြစ်သည်ဟု Bild က ဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် အသင်းပြောင်းဖြစ်မည်ဆိုပါက PSG ကိုသာ ရွေးဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent