ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 21 April 2022

ဘန်လေ နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၁၅ နာရီ)

ဘန်လေက ရာသီကုန်ခါနီးမှာ ရှောင်ဒိုက်ကို မထင်မှတ်ဘဲ ရာထူးက ထုတ်ပယ်လိုက်တယ်။ ဒီအခြေအနေမှာ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာဆိုပေမဲ့ တကယ်တော့ အန္တရာယ်များလွန်းပါတယ်။ ဆောက်သမ်တန်က  အမှတ်မလိုတဲ့အသင်းဆိုပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကိုအနိုင်ကစားခဲ့တယ်။ ဘန်လေက အဲဗာတန် ပွဲကျပ်နေတဲ့အချိန်မှာအခွင့်အရေးယူဖို့ ကြိုးစားရမယ်ဆိုပေမဲ့  နိုင်ဖို့မလွယ်ပါဘူး။ ဆောက်သမ်တန်ကိုကြိုက်တယ်။ 

အက်စ်ပန်ညို နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းနဲ့တော့ ရီးယဲလ်မက်ဒရစ်ကိုတောင် အိမ်ကွင်းမှာအနိုင်ယူပြထားတဲ့ အက်စ်ပန်ညိုကို မယှဉ်နိုင်လောက်ဘူးထင်တယ်။ အိမ်ရှင် အက်စ်ပန်ညိုနဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်တယ်။ 

လီဗန်တေး နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဆီဗီလာရဲ့ အဝေးကွင်းမှာ ဂိုးပေါက်ပျောက်နေတတ်ပြီး  နိုင်ပွဲနဲ့ပါ ဝေးနေတဲ့ခြေစွမ်း၊ လီဗန်တေးရဲ့ တန်းဆင်းဇုန်က လွတ်အောင်အစွမ်းကုန်ရုန်းကန်ပြနေတဲ့ အခြေအနေတွေအရဆိုရင်တော့ ဒီပွဲလည်း ဆီဗီလာအတွက် အမှတ်ရရေးခက်ခဲမယ့် အဝေးကွင်းပွဲဖြစ်နေဦးမယ်ထင်ပါတယ်။ အိမ်ကွင်းအားကို အစွမ်းကုန် အသုံးချနေတဲ့ လီဗန်တေးနဲ့ ဂိုးအနည်းပဲ ပိုကြိုက်နေမိတယ်။

ကာဒစ်ဇ် နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်လာရတဲ့ ကာဒစ်ဇ် အိမ်ကွင်းမှာ ပိုပြီးအားထုတ်မှုလုပ်ပြရမယ့်အချိန်မျိုး ဖြစ်နေတယ်။ ဘီလ်ဘာအိုကလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် အစွမ်းကုန် ရုန်းကန်တိုက်ပွဲဝင်နေပေမဲ့ ခြေစွမ်းတည်ငြိမ်မှု မရှိလှပါဘူး။ ကာဒစ်ဇ်ရဲ့ အိမ်ကွင်းခံစစ်ကစားနိုင်စွမ်းနဲ့ ဘီလ်ဘာအိုရဲ့ အဝေးကွင်းတိုက်စစ်အားနည်းမှုကြောင့် ဂိုးနည်းသရေလို့ပဲ ထင်တယ်။

ဆိုစီဒက် နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၂းဝ၀ နာရီ)

ယူရိုပါလိဂ်ကပါ ထွက်လိုက်ရပြီးတဲ့နောက် ဘာစီလိုနာအတွက် လာလီဂါဘက်မှာ အမြင့်ဆုံးရောက်အောင် ကစားပြသွားနိုင်ဖို့ပဲ လိုတော့တယ်။ ဒါပေမဲ့ ပန်းဝင်ခါနီးရောက်မှ ဘာစီလိုနာကိုမြင်ရတာက တောက်လျှောက်တင်ကစားလာမှုဒဏ်ကြောင့် နွမ်းနယ်လာပုံမျိုးဖြစ်နေတယ်။ အသင်းမှာ ဒဏ်ရာပြ ဿနာအချို့လည်း ပြန်ရှိလာသလို ခံစစ်ပိုင်းအားနည်းမှုကလည်း အခုနောက်ပိုင်း ပိုပြီးသိသာလာသလိုပါပဲ။ ခံစစ်ပိုင်းက ပေးဂိုးတွေ မြင့်တက်လာချိန်မှာ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးသွင်းနှုန်းက လိုက်အားမဖြည့်နိုင်တော့သလို တွေ့နေရတယ်။ ဒီပွဲအတွက် အိမ်ရှင်ဆိုစီဒက်နဲ့ ဂိုးအနည်းကိုပဲ ရွေးပါမယ်။

Most Read

Most Recent