ဟော်လန်းကို ခေါ်ယူနိုင်ပြီဆိုသည့် သတင်းများကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ငြင်းဆန်

ဟော်လန်းကို ခေါ်ယူနိုင်ပြီဆိုသည့် သတင်းများကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ငြင်းဆန်
Photo : Getty Images
Photo : Getty Images
Published 21 April 2022

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ဒေ့ါမွန်တိုက်စစ်မှူး ဟော်လန်းအား ခေါ်ယူနိုင်ပြီဆိုသည့်သတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်လိုက်သည်။

ဟော်လန်းအား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ဒေါ့မွန်အသင်းထံသို့ လျော်ကြေးငွေ ယူရို ၇၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ကစားသမား၏လစာငွေကိုမူ အလွန်မြင့်မားသည့် ပမာဏဖြစ်သော ပေါင် ငါးသိန်းနှင့်အထက် ပေးချေရမည့်အခြေအနေဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး  မန်စီးတီးအသင်းက ခေါ်ယူရန် သဘောတူညီ မှုရရှိထားပြီဟု သတင်းများထွက်ပေါ်နေသဖြင့် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ဂွါဒီယိုလာက "ခင်ဗျားရဲ့မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိဘူး။ ဒီအသင်းက လာမယ့်ရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် စိုးရိမ်စိတ်မရှိဘူး။ ကျွန်တော်တို့အသင်းမှာလည်း  တိုက်စစ်ကစားသမားကောင်းတွေ အများကြီးရှိနေသလို၊ ကျွန်တော်က အပြောင်းအရွှေ့တွေအကြောင်းလည်း ပြောလေ့မရှိဘူး" ဟု ပြောကြားကာ တုံ့ပြန်ခဲ့သည်။

Most Read

Most Recent