စပိန်စူပါဖလားပြိုင်ပွဲမှ အမြတ်ထုတ်ခဲ့သည်ဟု ပီကေး စွပ်စွဲခံနေရ

စပိန်စူပါဖလားပြိုင်ပွဲမှ အမြတ်ထုတ်ခဲ့သည်ဟု ပီကေး စွပ်စွဲခံနေရ
Photo: Getty Images
Photo: Getty Images
Published 20 April 2022

 

ဘာစီလိုနာအသင်း၏ နောက်ခံလူ ပီ ကေးသည် စပိန်စူပါဖလားပြိုင်ပွဲတွင် စပိန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်နှင့် လက်ဝါးချင်းရိုက်ကာ အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။

စပိန်စူပါဖလားပြိုင်ပွဲနှင့် ပတ်သက်၍ ရူဘီယာလက်စ်နှင့် ပီကေးတို့ ပြောကြားခဲ့သည့် အသံဖိုင်ကို စပိန်မီဒီယာတစ်ခုက ဖော်ပြခဲ့ပြီး ယင်းအထဲတွင် ပီကေးက ငွေကြေးအကျိုးအ မြတ်ရရှိရန် အကြံပေးပြောကြားမှု ပါဝင်ခဲ့သည်။ စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၁၉-၂၀ ရာသီမှစ၍ အသင်း(၄)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် အသွင်ပြောင်းလဲကာ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည်။ 

ယင်းအတွက် ပီကေး၏ Kosmos ကုမ္ပဏီက ဆက်သွယ်ပေးခဲ့ခြင်းဖြစ် ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အကျိုးအ မြတ်များစွာရရှိသည့်ပြိုင်ပွဲ ဖြစ်လာခဲ့သည်။ ယခု ထွက်ပေါ်လာသည့် အသံဖိုင်ထဲ၌ ရူဘီယာ လက်စ်က ရီးယဲလ်အသင်းအနေဖြင့် ပြည်ပတွင် သွားရောက်ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲကို ယူရို(၈)သန်းမရဘဲ ပြိုင်မည်မဟုတ်ဟု ပြောကြားခဲ့ သည်။ 

ထိုအခါ ပီကေးက ရီးယဲလ်အသင်း အလို ရှိသည့်အတိုင်း ယူရို(၈)သန်းပေးလိုက်ရန်၊ ဘာစီလိုနာကိုလည်း ယင်းအတိုင်းပေးပြီး ကျန် နှစ်သင်းကို ယူရို(၂)သန်းနှင့် (၁)သန်းပေးရန်၊ မိမိကို အကျိုးဆောင်ခ (၄)သန်းပေးပြီး စပိန် ဘောလုံးအဖွဲ့ချုပ်က အကျိုးအမြတ်(၆)သန်းယူ ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ပီကေးသည် (၆)နှစ်စာပြိုင်ပွဲမှ စုစုပေါင်းယူရို(၂၄)သန်း ရရှိခဲ့ ကြောင်း သိရသည်။

Most Read

Most Recent