ဂွါဒီယိုလာရဲ့ အိမ်ဖြည့် လုပ်ပေးခဲ့သူ (သို့မဟုတ်) ပယ်လီဂရီနီ

ဂွါဒီယိုလာရဲ့ အိမ်ဖြည့် လုပ်ပေးခဲ့သူ (သို့မဟုတ်) ပယ်လီဂရီနီ
Published 18 April 2022
Chan Myae

ကျွန်တော် အာဂျင်တီးနားမှာ နည်းပြခဲ့တဲ့ နှစ်ရာသီမှာ ရေးဗားပလိတ်အတွက်ရော၊ ဆန် လော်ရင်ဇိုအတွက်ပါ အမှတ်ပေးဖလားတွေ ယူ ပေးနိုင်ခဲ့တယ်။ အပိုအနေနဲ့ဆိုရင် ကျွန်တော့် ဘ ဝအတွက် ပထမဆုံး နိုင်ငံတကာ ဆုဖလားကို လည်း ဆန်လော်ရင်ဇိုအသင်းနဲ့အတူ ယူပေးနိုင် ခဲ့တယ်။ ကျွန်တော့်ရဲ့ ပစ်မှတ်ကတော့ ဥရောပ ကို သွားဖို့ပါပဲ။ ဒါပေမဲ့ အာဂျင်တီးနားမှာက ဘော လုံးကို အရမ်းရူးသွပ်ခုံမင်ကြတယ်။ သတင်းစာ ရှင်းလင်းပွဲအကြောင်း ပြောရရင်တော့ ကျွန်တော် ရေးဗားပလိတ်နည်းပြဘဝမှာ ဘိုကာဂျူနီယာ အ သင်းနဲ့ ကစားခဲ့ရတယ်။ အသင်းမှာ ဒဏ်ရာပြဿ နာတွေ များနေချိန်မို့ အသင်းအင်အားရဲ့တစ်ဝက် လောက်ပဲ အသုံးချခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဘိုကာ ဂျူနီယာကို ရှုံးတဲ့အပေါ် ရေးဗားပလိတ်ပရိသတ် တချို့က လက်မခံနိုင်ကြဘူး။ ကျွန်တော်က မှန် ကန်တဲ့ လူစာရင်းကို မသုံးစွဲဘူးလို့ ထင်တဲ့ ပရိ သတ်တစ်ဦးက ကျွန်တော့်ကို တိုက်ခိုက်ဖို့ ကြိုးစား ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော် မှန်မှန်ကန်ကန် ဆုံး ဖြတ်ခဲ့တာ ကျွန်တော်သိပါတယ်။

 

Most Read

Most Recent