အဝါရောင်ရေငုပ်သင်္ဘောများ ခုတ်မောင်းချိန်

အဝါရောင်ရေငုပ်သင်္ဘောများ ခုတ်မောင်းချိန်
Published 18 April 2022
Nay Linn Htet

 ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့ကို ကျော် ဖြတ်ခဲ့တဲ့ ဗီလာရီးယဲလ်က ဆီမီးဖိုင်နယ်မှာ လီဗာ ပူးလ်နဲ့ ကစားရမယ်။ ဗီလာရီးယဲလ်နဲ့ဆုံရလို့ အခွင့် အရေးပိုသာတယ်လို့ မတွေးတဲ့သူတွေထဲမှာ ယာ ဂန်ကလော့ပ်လည်းပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ က စားခဲ့တဲ့ (၂)ပွဲစလုံးက ခြေစွမ်းအတွက် စပိန်က လပ်ကို သူလျှော့မတွက်ရဲဘူး။ ပြီးတော့ အူနိုင်းအမ် မရီရဲ့ မှတ်တမ်းမှတ်ရာတွေက ဘယ်အသင်းကိုမ ဆို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ ဆီဗီလာမှာတုန်းက ကလော့ပ်ရဲ့ လီဗာပူးလ်ကို အနိုင်ယူပြီး ယူရိုပါလိဂ် ဖလားကို ယူခဲ့ဖူးတယ်။ လက်ရှိမှာလည်း ဗီလာရီး ယဲလ်နဲ့အတူ အမ်မရီက ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူထားသူပါ။ ဒီတော့ ဗီလာရီးယဲလ်ကို ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် ကလော့ပ်ရှုမြင်တာ မဆန်းပါဘူး။  "ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ (၂)ပွဲစလုံးကိုကြည့်လိုက် ရင် သူတို့က ဒီအဆင့်ကို ရောက်လာဖို့ ထိုက်တန် ပါတယ်။ သူတို့က ရှုံးထွက်ပြိုင်ပွဲတွေမှာ ဘောလုံး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးလို့ ပြောနိုင် တဲ့ နည်းပြတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ အူ နိုင်းအမ်မရီက ရှုံးထွက်ဘုရင်ဖြစ်တယ်။ သူက လုပ်နေတဲ့အလုပ်ကို ကောင်းကောင်းနားလည်သူ လည်း ဖြစ်တယ်။ သူစွမ်းဆောင်ပြနေတာတွေက လည်း မယုံနိုင်စရာပါပဲ"လို့ ကလော့ပ်က ချီးကျူးခဲ့တယ်။

 

Most Read

Most Recent