ဘီလ်ဘာအိုအသင်း၏ တိုက်စစ်မှူး အီညာကီဝီလျံစ်သည် လာလီဂါ(၂၂၄)ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားထားကြောင်း သိရသည်။
အီညာကီဝီလျံစ်(၂၇ နှစ်)သည် ၂၀၁၆ -၁၇ ရာသီမှစ၍ ဘီလ်ဘာအိုအသင်း၏ လာလီဂါပွဲစဉ်တိုင်းကို မပျက်မကွက်ကစားခွင့်ရခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြဿနာများ ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ အံ့အားသင့်ဖွယ်ဖြစ်သည်ဟုလည်း ချီးကျူးမှုများ ရှိခဲ့သည်။
အီညာကီဝီလျံစ်သည် (၆)နှစ်အတွင်း လာလီဂါပွဲစဉ်(၂၂၄)ပွဲ ဆက်တိုက် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄၃)ဂိုး သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရသည်။















