တောင်ငူမြို့တွင် ဝက်ဝံများထိန်းသိမ်းမွေးမြူထားသူအား ဝက်ဝံက ပြန်လည်ကိုက် သတ်သဖြင့် သေဆုံးကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဧပြီ ၇ ရက် နံနက်အစောပိုင်းက တိရစ္ဆာန် ချစ်မြတ်နိုး၍ ဝက်ဝံများထိန်းသိမ်းမွေးမြူထား သော သခင်ဖြစ်သူအား ဝက်ဝံက ပြန်လည် ကိုက်သတ်သဖြင့် သခင်ဖြစ်သူသေဆုံးမှုဖြစ် ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း (တောင် ငူ) ဥက္ကဋ္ဌထံမှ သိရသည်။
သေဆုံးသူမှာ တောင်ငူမြို့ အမှတ် (၁) ရပ်ကွက် ထီးလှိုင်ရပ်နေ အသက် ၅၃ နှစ်ခန့်ရှိ ဦးစိုးမိုးအောင်(ခ) ဦးအောင်ဖြစ်ပြီး အသက် ငါးနှစ်အရွယ်ခန့်ရှိသည့်အိစိကွေးနှင့် ချစ်ပို ဟုခေါ်သော ဝက်ဝံနှစ်ကောင်က ပြန်လည် ရန်ပြုတိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝက်ဝံများရန်ပြုတိုက်ခိုက်သေဆုံးခဲ့ သည့်အခြေအနေနှင့် ပတ်သက်ပြီး နာရေးကူ ညီမှုအသင်း(တောင်ငူ) ဥက္ကဋ္ဌ ဦးလှမျိုးဝင်းက “မနက် ၃ နာရီ ၄၀ လောက်မှာ သူ့အမျိုးသမီး က ကျွန်တော့်ဆီဖုန်းလှမ်းဆက်တယ်။ကို အောင်ကို ဝက်ဝံကိုက်လို့တဲ့။ အဲဒါနဲ့ ကျွန် တော်တို့လည်း မီမလားဆိုပြီးပြေးသွားတာ ပေါ့။ဟိုရောက်တော့ကိုအောင်ကသေဆုံးနေ ပြီ။ အဲဒီဝက်ဝံကြီးနှစ်ကောင်က သူ့သခင်ကို ဖဲ့ရွဲ့ပြီးစားထားပြီဗျာ။ ကျွန်တော်တို့လည်း အထဲကို ဝင်မကြည့်ရဲဘူး။ အလောင်းကောက် ဖို့တောင် မလွယ်ဘူးလေ။ အဲဒါနဲ့ သက်ဆိုင် ရာအာဏာပိုင်အဖွဲ့ အကုန်ခေါ်ပေါ့။ အဲဒီ ကနေ တပ်ကရောက်လာပြီး အဲဒီဝက်ဝံနှစ် ကောင်ကို သေနတ်နဲ့ပစ်သတ်ပြီး သူတို့ရှင်း လင်းရေးပြီးမှ အလောင်းဝင်ကောက်ပြီး တော့မှ ဆေးရုံရင်ခွဲရုံကို မနက် ၄ နာရီ လောက်မှာ ရောက်တာပေါ့” ဟု ပြောကြားသည်။
ဝက်ဝံရန်ပြုတိုက်ခိုက်ခြင်းကြောင့်သေဆုံးခဲ့သူ ဦးအောင်မှာ တိရစ္ဆာန်များကို ချစ် မြတ်နိုးသူဖြစ်ကာ ၎င်းင်းအားရန်ပြုတိုက်ခိုက် ခဲ့သော အိစိကွေးနှင့် ချစ်ပိုအပါအဝင် ဝက်ဝံ ၁၂ ကောင်ခန့်ကိုမွေးမြူစောင့်ရှောက်ထိန်းသိမ်းခဲ့သူဖြစ်သည်။ ၎င်းင်းထိန်းသိမ်းမွေးမြူ စောင့်ရှောက်ခဲ့သည့် ဝက်ဝံများကို လွန်ခဲ့ သော တစ်နှစ်ကျော်ခန့်တွင် ရန်ကုန်-မန္တ လေး အမြန်လမ်းမကြီးအနီး ဒေါ်မိုးလယ် တောဥယျာဉ်သို့ ပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။ အဆိုပါဝက်ဝံများအနက်မှ အိစိ ကွေးနှင့်ချစ်ပိုဟုခေါ်သော ဝက်ဝံနှစ်ကောင် အား တောင်ငူမြို့ ထီးလှိုင်ရပ်ရှိ ၎င်းင်းနေအိမ်သို့ ခေတ္တပြန်ခေါ်ထားစဉ် ယခုကဲ့သို့ ရန်ပြုကိုက် သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး “ အဲ ဒီဝက်ဝံတွေက ၁၁၅ မိုင် ဒေါ်မိုးလယ်တောကို ဆိုလား အဲဒီကို ပို့ထားတယ်ပြောတယ်။ အဲဒါ ကို နှစ်ကောင်က သူ့ရဲ့အသည်းစွဲပေါ့ဗျာ။ ဝက်ဝံတွေ နာမည်က အိစိကွေးနဲ့ ချစ်ပို ဆို လားပဲ” ဟု ပြောကြားသည်။
ဦးအောင်မွေးမြူထားသည့် ဝက်ဝံများ ထဲမှ ပြာလချောင်ဟုခေါ်သော အသက် သုံး နှစ်အရွယ်ခန့်ရှိ ဝက်ဝံတစ်ကောင်မှာလည်း ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် မေ ၁၈ ရက်က တောင်ငူမြို့ ထီးလှိုင်ရပ်နေအိမ်အနီးနေ အသက် ၉၀ ကျော်ရှိ အဘိုးအိုတစ်ဦးကိုလည်း ရန်ပြုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဘိုးအိုမှာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။















