ယူကရိန်းအလှမယ် လန်နာ၊ လက်ဝှေ့သမား လိုမာချန်ကိုနှင့် တင်းနစ်သမား စတာခေါ့ဗ်စကီးတို့ စစ်တပ်နှင့်ပူးပေါင်း

ယူကရိန်းအလှမယ် လန်နာ၊ လက်ဝှေ့သမား လိုမာချန်ကိုနှင့် တင်းနစ်သမား စတာခေါ့ဗ်စကီးတို့ စစ်တပ်နှင့်ပူးပေါင်း
Photo: Sky News
Photo: Sky News
Published 28 February 2022

ယူကရိန်းအလှမယ်ဟောင်းဖြစ်သည့် အန်နာစတာဆီအီယာလန်နာ၊ လက်ဝှေ့သမားဖြစ်သည့် လိုမာချန်ကိုနှင့် တင်းနစ်သမားဖြစ်သူ စတာခေါ့ဗ်စကီးတို့ ယူူကရိန်းစစ်တပ်နှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။

ရုရှား၏ စစ်ရေးအရ တိုက်ခိုက်မှုကို တွန်းလှန်ရန် ယူကရိန်းပြည်သူများစွာ စစ်တပ်နှင့်ပူးပေါင်းခဲ့ကြပြီး လူသိများထင်ရှားသည့် ၎င်းတို့သုံးဦးလည်း ပါဝင်လာခြင်းဖြစ်သည်။

လန်နာသည် ၂၀၁၅ Miss Ukraine အလှမယ်ပြိုင်ပွဲတွင် သရဖူရရှိထားသူဖြစ်ပြီး  လက်ရှိအချိန်တွင်မူ ရိုင်ဖယ်သေနတ်ကိုင်ဆောင်၍ တိုက်ပွဲဝင်လျက်ရှိကြောင်း Instagram တွင် ဓာတ်ပုံတင်ထားသည်။

လိုမာချန်ကို (၃၄ နှစ်) မှာလည်း ၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်းနှင့် ၂၀၁၂ လန်ဒန်အိုလံပြိုင်ပွဲတွင် လိုက်ဝိတ်တန်း၌ ရွှေတံဆိပ်ဆုရရှိထားသူဖြစ်ပြီး WBA(Super)၊ WBO နှင့် WBC လိုက်ဝိတ်တန်းချန်ပီယံဟောင်းတစ်ဦးဖြစ်သည်။

ထို့ပြင် စတာခေါ့ဗ်စကီး (၃၆ နှစ်) မှာ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ၌ နာမည်ကြီးကစားသမား ဖက်ဒါရာကို အနိုင်ရခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent