ပြီးခဲ့သည့်တစ်ပတ်အတွင်း ရုရှားနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်၊ ဘရာဇီးနှင့် ပြင်သစ်နိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသိီးလျော့ကျခဲ့

ပြီးခဲ့သည့်တစ်ပတ်အတွင်း ရုရှားနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်၊ ဘရာဇီးနှင့် ပြင်သစ်နိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသိီးလျော့ကျခဲ့
Published 20 February 2022

ပြီးခဲ့သည့် တစ်ပတ်အတွင်း ရုရှားနိုင်ငံတွင် COVID-19 ဖြစ် ပွားမှု ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်၊ ဘရာဇီးနှင့် ပြင်သစ် နိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသီး လျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှုအနေဖြင့် ဂျာမနီနိုင်ငံတွင် ယခင်တစ်ပတ်နည်းတူဖြစ်ပွားခဲ့ပြီး ရုရှားနိုင်ငံတွင်၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကန်နိုင်ငံတွင် ၄၃ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံတွင် ၄၃ ရာခိုင်နှုန်းနှင့် ဘရာဇီးနိုင်ငံတွင် ၁၉ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးမှုအနေဖြင့် အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံတို့၌ ယခင်တစ်ပတ်နည်းတူရှိခဲ့ပြီး ဘရာဇီးနိုင်ငံတွင် ၄၄ ရာခိုင်နှုန်း၊ မက္ကစီကိုနိုင်ငံတွင် ခုနစ်ရာခိုင်နှုန်း အသီးသီး မြင့်တက်ကာ အိန္ဒိယနိုင်ငံတွင် ၁၅ ရာခိုင် နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။              

ဂျာမနီတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခြင်းသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်သော ကူးစက်မှုလှိုင်းအထွတ်အထိတ်ကာလ ကျော်လွန်လာမှုကို ညွှန်ပြနေစဉ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်အများစုကို စတင်ရုပ်သိမ်းတော့မည်ဟု ဒေသန္တရအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးပြီး နောက်တွင် ဝန်ကြီးချုပ် အိုလက်ဖ် ရှောဇ်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများကို စျေးဆိုင်များနှင့် စားသောက်ဆိုင်များသို့ ပြန်လည်သွား ရောက်ခွင့်ပြုခြင်း အပါအဝင် အဆင့်သုံးဆင့်ပါဝင်သော အစီအစဉ်ကို ချမှတ်သွားမည်ဖြစ်ကာ မတ် ၂၀ ရက်တွင် အချုပ်အခြယ်ကင်းသော နေ့ကို မြင်တွေ့ရလိမ့်မည်ဟု မီဒီယာ များက တင်စားခဲ့သည်။

“နှစ်နှစ်အကြာမှာ ကျွန်တော် တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့အရာတွေအတွက် ထိုက်တန်မှု ရှိလာပါပြီ။ အခု အဲဒီလိုမျိုး ဖြစ်လာပါတော့မယ်”  ဟု ဝန်ကြီးချုပ်ရှောဇ်က တင်းထောက်များကို ပြောကြားခဲ့ သည်။

သို့ရာတွင် ဂျာမန်ပြည်သူများအနေဖြင့် သတိရှိရှိဖြင့် ဆက်လက် နေထိုင်သွားရမည်ဟု ၎င်းက သတိပေးခဲ့ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင် ရမည်ဖြစ်ကြောင်းနှင့် ကပ်ရောဂါသည် ပြီးဆုံးခြင်း မရှိသေးကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ကပ်ရောဂါ စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် ပုံမှန်လုပ်ငန်းဆောင် တာများ အကြီးအကျယ်ထိခိုက်ခဲ့ ရပြီးနောက် နှစ်နှစ်အကြာတွင် ပုံမှန်အခြေအနေသို့ ပြန်သွားရန် ကြိုးပမ်း လာခဲ့သည့် ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ပထမအဆင့်အနေဖြင့် ဂျာမနီတွင် ကာကွယ်ဆေးထိုးနှံထားသူများ သို့တည်းမဟုတ် COVID-19 ရောဂါမှ ပြန်သက်သာလာသူများ အနေဖြင့် လူ ၁၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ကန့်သတ်ထားမှုကို အမြန်ဆုံး ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

မတ် ၄ ရက်မှစ၍ကာကွယ် ဆေးထိုးနှံမထားသူများအနေဖြင့် ရောဂါပိုးကင်းစင်ကြောင်း လတ်တလော ဆေးစစ်မှုရလဒ်ကို ပြသနိုင်ပါက စားသောက်ဆိုင်များနှင့် ဟိုတယ် များသို့ ပြန်လည်သွားရောက်နိုင် တော့မည်ဖြစ်သည်။ ဂျာမနီတွင် ၎င်းစနစ်ကို 3G စနစ်ဟု လူသိများသည်။

နိုက်ကလပ်များကိုလည်း ပြန်ဖွင့်နိုင်တော့မည် ဖြစ်သော်လည်း ကာကွယ်ဆေး ထိုးနှံမထားသူများ ကိုမူ ဝင်ခွင့်ပြုဦးမည် မဟုတ်ပေ။ အားကစားပြိုင်ပွဲများ အပါအဝင် အခမ်းအနားများသို့ တက်ရောက် ခွင့်ပြုသည့် အရေအတွက်ကိုလည်း တိုးမြှင့်သွားမည်ဖြစ်သည်။

နောက်ဆုံးအဆင့်အနေဖြင့် မတ် ၂၀ ရက် နောက်ဆုံးထား၍ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုဘဝတို့ အပေါ် ချမှတ်ထားသည့် ကျန်ရှိသော ကန့်သတ်ချက်များကို ရုပ်သိမ်းသွားမည်ဟု သိရသည်။

ဂျာမနီတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၂၂၀,၀၀၀ နီးပါး ရှိခဲ့ကာ ထပ်မံသေဆုံးသူ ၂၄၇ ဦး ရှိခဲ့ကြောင်း Robert Koch အင်စတီကျုက ထုတ်ပြန်ခဲ့သည်။ နေ့အလိုက် ကူးစက်သူဦးရေ မြင့်တက်နေဆဲဖြစ် သော်လည်း သီတင်းပတ်အလိုက် ကူးစက်သူဦးရေသည် ကျဆင်းလာ ခဲ့ပြီး လတ်တလောကူးစက်မှုလှိုင်းသည် အထွတ်အထိပ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

Most Read

Most Recent