အင်ဒို-ပစိဖိတ်စီးပွားရေးဆိုင်ရာမူဘောင် ထူထောင်ရာတွင် တရုတ်နှင့်ဆွေးနွေးရန် ရည်ရွက်ချက်မရှိဟု အမေရိကန်ပြောကြား

အင်ဒို-ပစိဖိတ်စီးပွားရေးဆိုင်ရာမူဘောင် ထူထောင်ရာတွင် တရုတ်နှင့်ဆွေးနွေးရန် ရည်ရွက်ချက်မရှိဟု အမေရိကန်ပြောကြား
အရှေ့တောင်အာရှသို့ လာရောက်ခဲ့သည့် ဒန်နီရယ်ခရစ်တင်ဘရင့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲတွင်တွေ့ရစဉ်  (Photo : AFP)
အရှေ့တောင်အာရှသို့ လာရောက်ခဲ့သည့် ဒန်နီရယ်ခရစ်တင်ဘရင့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲတွင်တွေ့ရစဉ်  (Photo : AFP)
Published 17 February 2022
Ref: Reuters



 

မကြာခင် အမေရိကန်က ထူထောင်ရန် ရှိသည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်တွင်  အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရန်ရည်ရွယ်ချက်မရှိသော် လည်း အကျပ်ကိုင်ခြင်းမရှိဘဲ လွတ်လပ်ပွင့် လင်းသော အင်ဒို-ပစိဖိတ်ဒေဖြစ်စေရေးဟူ သည့် အမြင်တူမိတ်ဖက်များနှင့် ဆွေးနွေးမည် ဟု အကြီးတန်းအမေရိကန်တာဝန်ရှိသူတစ် ဦးက ထုတ်ဖော်ပြောကြားကြောင်း ရိုက်တာ သတင်းဌာကန ဖော်ပြခဲ့သည်။

ဒေသဆိုင်ရာ သြဇာရပ်ဝန်းတစ်ခုဖန်တီးရန်နှင့် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်လာရန် တရုတ်၏ ကြိုးပမ်းမှုအဖြစ် အမေရိကန်က ရှုမြင်ထားသောကိစ္စကိုတန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသသို့ နောက်ထပ်သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာအရင်းအမြစ်များ ပေးပို့သွားမည်ဟု လွန်ခဲ့သောသီတင်းပတ် တွင် အမေရိကန်ပြည်ထောင်စုက ပြောကြား ခဲ့သည်။

အမေရိကန်သည် မိမိ၏ ကာလရှည်ရပ် တည်ချက်နှင့် ကတိကဝတ်တို့ အားကောင်းစေရန် အလို့ငှာ တောင်အာရှမှသည် ပစိဖိတ် ကျွန်းစုများအထိ နေရာတိုင်းတွင် အလေးထားဆောင်ရွက်သွားမည်ဟု ၁၂ မျက်နှာပါ သော မဟာဗျူဟာသုံးသပ်ချက်အကျဉ်းတွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရက ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် အစောပိုင်းတွင် အမေရိကန်သည် အင်ဒို-ပစိဖိတ်စီးပွားရေးအဖွဲ့ကို ထူထောင်သွားရန် စီစဉ်ထားသည် ဟု အဆို ပါလေ့လာသုံးသပ်ချက်တွင် ထပ်လောင်း ဖော်ပြထားသည်။ သမ္မတဟောင်းဒေါ်နယ် ထရန့်က ၂၀၁၇ ခုနှစ်တွင် အမေရိကန်ကို နိုင်ငံစုံကုန်သွယ်ရေးအဖွဲ့မှ နုတ်ထွက်စေခဲ့ ပြီးနောက်ပိုင်း ဘိုင်ဒင်အစိုးရအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသနှင့်စေ့စပ်ညှိနှိုင်းရာတွင် ကြီးမားသော ကွာဟချက်ကို ဖြည့်စွက်ရာ၌ ဤကုန်သွယ်ရေးအဖွဲ့မှတစ်ဆင့် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားသည်။

စီးပွားရေးဆိုင်ရာ မူဘောင်တစ်ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ စောစီးစွာ လုပ်ဆောင်နေသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဒန်နီရယ်ခရစ်တင်ဘရင့်က ဖေ ဖော်ဝါရီ ၁၇ ရက်တွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကတော့ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးတာတွေ စလုပ် နေပါပြီ။ ဒီလိုဆွေးနွေးရာမှာလည်း ဒေသနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့အမြင်တူတဲ့ နိုင် ငံတွေနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်”ဟု ၎င်း ကပြောကြားသည်။ အကျပ်ကိုင်မှု လွတ်ကင်းကာ မိမိတို့၏ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိူးစီးပွားများကို အတားအဆီးမဲ့ပုံစံဖြင့်  လုပ်ဆောင်လိုသော အင်ဒို-ပစိဖိတ်ဒေသက နိုင်ငံများနှင့် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဒန်နီရယ်ခရစ်တင်ဘရင့်က ပြောကြားခဲ့ သည်။

“အင်ဒို-ပစိဖိတ်စီးပွားရေးဆိုင်ရာ မူ ဘောင်နဲ့ပတ်သက်လို့ လောလောဆယ်မှာ တရုတ်နဲ့ ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိပါဘူးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

တရုတ်သမ္မတရှီကျင်းပင်သည် Belt and Road စီမံကိန်းကို ဒေါ်လာ ဘီလျံချီ အကုန်အကျခံကာ အကောင်အထည်ဖော် လျက်ရှိသည်။

တရုတ်သည် အမေရိကန်မပါဝင်သည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဖွဲ့ဖြစ်သော Regional Comprehensive Economic Partnership (RCEP) ကို ထောက်ခံထား ပြီးမဟာဗျူဟာမြောက်ပူးပေါင်းရာတွင် အကန့်အသတ်မရှိဟု ပြောကြားထားသည်။                    

Ref : Reuters

Most Read

Most Recent