၂၀၂၁-၂၀၂၂ (Mini Budget) လေးလနီးပါးအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၉၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်းနီးပါး လျော့ကျ

၂၀၂၁-၂၀၂၂ (Mini Budget) လေးလနီးပါးအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၉၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်းနီးပါး လျော့ကျ
Published 2 February 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၈ ရက်မှ ဇန်နဝါရီ ၂၁ ရက်အထိ ကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၉၁ သန်း ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်းနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၂၄ သန်းကျော်ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန် အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် ၅ ဒသမ ၃ သိန်းတင်ပို့မှုမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၂၄ ဒသမ ၁၁၄ သန်းရရှိခဲ့ကြောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ  ၃ ရက်အထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၈ ဒသမ ၆၁ သန်းရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ရေချိုရေငန်ငါးပုစွန်ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၅၃၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ရေငန်ငါးဖမ်းလုပ်ငန်းမှ တန်ချိန် ၂၈၀၀ ကျော်ဖြင့် အများဆုံးထုတ်လုပ်ထားကြောင်း သိရသည်။

Most Read

Most Recent