ဘာစီလိုနာနဲ့ ထိုက်တန်ကြရဲ့လား

ဘာစီလိုနာနဲ့ ထိုက်တန်ကြရဲ့လား
Photo: Getty Images, AFP
Photo: Getty Images, AFP
Published 1 February 2022

    ဘာစီလိုနာပရိသတ်တွေကတော့ အပြောင်း အရွှေ့စျေးကွက်ဆိုရင် တခြားအသင်းပရိသတ် တွေထက် ပိုရင်ခုန်ရနိုင်ပါတယ်။ ဘယ်လိုအမှားအ ယွင်းတွေများ ထပ်လုပ်ဦးမလဲ ဆိုပြီးတော့ပါ။ အ သင်းက ဘဏ္ဍာရေးပြသနာ ရှိနေချိန်မှာတောင် ကစားသမားသစ်တွေတော့ ခေါ်ယူနိုင်ဆဲပါပဲ။ အ လွတ်ခေါ်ယူတာပဲဖြစ်စေဦး နာမည်ကျော်ကြယ်ပွင့် ကစားသမားတွေတော့ မပြတ်တမ်းစီးဝင်နေတာပါ ပဲ။ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ဘာစီလိုနာ အသင်းက ကစားသမားသစ် အားဖြည့်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ဖယ်ရန် တောရက်စ်လို ကြယ်ပွင့်သစ်ကစားသမားကို လည်း ယူရို(၅၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ခြင်းက ဘာစီ လိုနာအသင်းဟာ စျေးကွက်ထဲမှာ ဆွဲဆောင်နိုင် စွမ်းရှိနေဆဲဆိုတာ ပြသရာလည်း ရောက်ခဲ့ပါ တယ်။  ဘာစီလိုနာအသင်းက လောလောဆယ် ကွင်းတွင်းကွင်းပြင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေ ရပေမဲ့ ဒီအသင်းကသာ ကမ်းလှမ်းလာခဲ့ရင် တော် ရုံတန်ရုံကစားသမား မငြင်းပယ်ဝံ့အောင် ဖြစ်နေ တာ ဘာကြောင့်လဲ။ ကမ္ဘာ့အကောင်းဆုံးကလပ်အ သင်းတစ်သင်းအဖြစ် သရဖူဆောင်းခဲ့တဲ့ သမိုင်း ကြောင်းသက်သက်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ အခုရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတွေကို အချိန်တိုအတွင်းမှာ ဖြေရှင်းကျော်လွှားသွားနိုင် လိမ့်မယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်ပါလိမ့် မယ်။ ဒါကြောင့်လည်း ဆုဖလားအောင်ပွဲတွေအ တွက် အာမခံချက်အပြည့်ရှိနေတဲ့၊ အနာဂတ်ကို အိပ်မက်လှလှမက်ခွင့်ရနေတဲ့ မန်စီးတီးအသင်းကို ဖယ်ရန်တောရက်စ် ကျောခိုင်းရဲခဲ့တာလည်း ဖြစ်ပါ လိမ့်မယ်။ ဒီအတွက် ဘာစီလိုနာပရိသတ်တွေ နှစ် ထောင်းအားရဖြစ်ခဲ့ကြပေမဲ့ ဖယ်ရန်တောရက်စ် ထက် နှစ်ဆ၊ သုံးဆ ပေးခဲ့ရတဲ့ ထိပ်တန်းကစားသ မားတွေတောင် အသင်းမှာ အဆင်မပြေဖြစ်ခဲ့ဖူးတာ ကြောင့် ရင်ထိတ်နေကြဦးမှာပါပဲ။ ဘာစီလိုနာအ သင်း မျှော်လင့်တကြီးနဲ့ တန်ဖိုးကြီးပေးပြီး ခေါ်ယူခဲ့ တဲ့ကစားသမားများစွာ အောက်စျေးနဲ့ ပြန်ရောင်း ထုတ်ရ၊ အငှားချရ၊ အသင်းမှာ လူပိုလိုထားထားရ တာမျိုးတွေ ရှိခဲ့တာကြောင့်ပါပဲ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ အမြင်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုး မျိုးရှိတဲ့အထဲ ဘာစီလိုနာကို ကိုယ်စားပြုဖို့ မထိုက် တန်တာကြောင့်လို့ မှတ်ချက်ပေးတာက အသင့် တော်ဆုံးဖြစ်နိုင်ပါတယ်။ လက်ရှိ ဘာစီလိုနာနည်း ပြ ဇာဗီကတော့ ဘာစီလိုနာအကျႌက တခြားအ သင်းတွေရဲ့ အကျႌထက် ကီလို(၂၀) ပိုလေးတယ် လို့ ဆိုပါတယ်။ 

 

Most Read

Most Recent