၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမဏ ဒေါ်လာတစ်ဘီလျံ ကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုပိုများ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမဏ ဒေါ်လာတစ်ဘီလျံ ကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုပိုများ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံ ကုန်စည်စျေးကွက်ကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံ ကုန်စည်စျေးကွက်ကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 21 October 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာတစ်ဘီလျံ ကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၁၂  ရက် အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၁၈၃ ဒသမ ၀၇၉ သန်းရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ဒေါ်လာ ၄၅၈ သန်းကျော် ကုန်သွယ်မှု ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ကုန်သွယ်မှုပမာဏ ဒေါ်လာတစ်ဘီလျံကျော်တွင် ပို့ ကုန်တန်ဖိုး ဒေါ်လာ ၄၇၂ ဒသမ ၅၇၈ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ် လာ ၇၁၀ ဒသမ ၅၀၁ သန်း ပါဝင် ကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ဒေါ်လာတစ်ဘီလျံကျော် တွင် ပုံမှန် (ပင်လယ်ရေကြောင်း) ကုန်သွယ်ရေးမှ ဒေါ်လာ ၉၅၆ ဒသမ ၅၉၈ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၂၂၆ ဒသမ ၄၈၁ သန်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းတို့မှ ပို့ကုန်ဝင်ငွေ ယခင်နှစ် ကာလတူထက် ပိုမိုရရှိခဲ့သော်လည်း သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ယခင်နှစ်ကာလတူထက်  လျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊  သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၃၃၂၃ ဒသမ ၈၁၅ သန်းရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကာလတူ ထက် ဒေါ်လာ ၄၁၁၄ ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရ ပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့်နယ် စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန် မြန်မာ  -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နှင့် နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂ လားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ် မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံကော့ သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့၊ ထန်တလန် စသည့် နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင်  ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

Most Read

Most Recent