ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားသူများအနက် Follower အများဆုံးအဖြစ် စီရော်နယ်လ်ဒို ရပ်တည်

ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားသူများအနက် Follower အများဆုံးအဖြစ် စီရော်နယ်လ်ဒို ရပ်တည်
Photo: AS
Photo: AS
Published 21 October 2018



 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကမ္ဘာတစ်ဝန်းရှိ ထင်ရှားကျော်ကြားသူများအနက် Follower အရေအတွက် အများဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။

ယင်းစစ်တမ်းကို ကမ္ဘာ့ထိပ်တန်းစာရင်းအင်းကုမ္ပဏီဖြစ်သည့် နယ်သာလန်အခြေစိုက် KPMG ကုမ္ပဏီက ထုတ်ပြန်ခြင်းဖြစ် ပြီး စီရော်နယ်လ်ဒိုသည် Facebook၊ Instagram၊ Twitter စသည့် လူမှုကွန်ရက်မီဒီယာ များတွင် Follower အများဆုံးအဖြစ်

ရပ်တည်နေကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် Facebook တွင် (၁၂၃) သန်း၊ Instagram တွင် (၁၄၂) သန်းနှင့် Twitter တွင် (၇၅) သန်း၊ စုစုပေါင်း သန်း (၃၄၀) အထိ ပိုင်ဆိုင်ထားသည်။ ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးသမားများအနက် Follower အရေအတွက်

အများဆုံးဖြစ်ပြီး အနီးဆုံးပြိုင်ဘက် PSG အသင်းတိုက်စစ်မှူး နေမာထက် (၁၃၅) သန်းအထိ ပိုများကြောင်း သိရသည်။

ထို့ပြင် နယ်ပယ်အသီးသီးမှ အားကစားသမားများတွင်လည်း အနီးကပ်ဆုံးရပ်တည်နေသည့် NBA ကလပ် LA Lakers အသင်း၏ အမေရိကန် ဘက်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်ထက် (၂၃၄) သန်း ပိုမိုပိုင်ဆိုင်ထားသည်။ ကမ္ဘာတစ်ဝှမ်း

ထင်ရှားကျော်ကြားသူများစာရင်းတွင်လည်း နာမည်ကြီးအဆိုတော် ဂျပ်စတင်ဘီဘာ၊ တေလာဆွစ်ဖ်၊ အမေရိကန်သမ္မတဟောင်း ဘိုဘားမား၊ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ထက်

ပြတ်ပြတ်သားသားအသာရထားကြောင်းလည်း သိရသည်။

သို့သော် စီရော်နယ်လ်ဒိုသည် Instagram တွင် ပို့စ်တစ်ခုအတွက် ဝင်ငွေအများဆုံး ရရှိသည့်စာရင်းတွင်မူ နာမည်ကြီးမော်ဒယ် ခိုင်လီဂျန်နာ (ဒေါ်လာတစ်သန်း)၊ အဆိုတော် ဆလီနာဂိုးမက်ဇ် (ဒေါ်လာရှစ်သိန်း)တို့၏ နောက်တွင် ပို့စ်တစ်ခုလျှင်

ဒေါ်လာခုနစ်သိန်းခွဲဖြင့် တတိယနေရာ၌သာ ရပ်တိရသည်။

Most Read

Most Recent