စကော့တလန်လိဂ်ပွဲစဉ်များကို အင်္ဂလန်နိုင်ငံတွင် ကျင်းပခွင့်ရရန်အတွက် စကော့တစ်ရှ်လိဂ်အဖွဲ့ချုပ် ဆန္ဒရှိနေ

စကော့တလန်လိဂ်ပွဲစဉ်များကို အင်္ဂလန်နိုင်ငံတွင် ကျင်းပခွင့်ရရန်အတွက် စကော့တစ်ရှ်လိဂ်အဖွဲ့ချုပ် ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 7 January 2022

စကော့တစ်ရှ်လိဂ်အဖွဲ့ချုပ်၏ အမှုဆောင်အဖွဲဲ့ဝင်များသည် စကော့တလန်လိဂ်ပွဲစဉ်များကို အင်္ဂလန်နိုင်ငံတွင် ကျင်းပခွင့်ရရှိရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

စကော့တလန်နိုင်ငံ၏ လက်ရှိ ကိုဗစ်စည်းမျဉ်းများအရ ပွဲစဉ်တစ်ပွဲတွင် ပရိသတ်ဦးရေ (၅၀၀)ဦးသာ ဝင်ရောက်ကြည့်ရှုခွင့်ရှိနေပြီး ယင်းအခြေအနေသည် အသင်းများ၏ ဘဏ္ဍာရေးအခြေအနေကို ထိခိုက်နစ်နာစေသည်။

ယင်းကဲ့သို့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ကို  ပိတ်ပင်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာနေသည့် ကွင်းဝင်ကြေးမှာ တစ်ပွဲလျှင် ပေါင် (၁.၅)သန်းမှ ပေါင် (၂)သန်းအထိ ရှိနေကြောင်းလည်း သိရှိရသည်။

စကော့တလန်နိုင်ငံ၏ ဝန်ကြီးတစ်ဦး ဖြစ်သူ နီကိုလာစတာဂျွန်က လက်ရှိနိုင်ငံ၏အခြေအနေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး စကော့တလန်လိဂ်ပြိုင်ပွဲအတွက် ထောက်ပံ့ကြေးကိုလည်း ပေါင် (၅)သန်းပေးရန် သဘောတူထားသည်။

သို့ရာတွင် ထောက်ပံ့ကြေးထက် ကွင်းဝင်ကြေးကို ပိုမိုအလိုရှိနေသည့် စကော့တစ်ရှ်လိဂ်အတွက်မူ ယင်းအခြေအနေက ကလပ်အသင်းများ၏ ဘဏ္ဍာရေးအပေါ် အကူအညီမဖြစ်နိုင်ကြောင်း ယူဆနေပြီး အင်္ဂလန်တွင် ကျင်းပရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

စကော့တလန်တွင် ဘောလုံးပွဲများသာမက ရပ်ဘီပွဲစဉ်များတွင်လည်း တားမြစ်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။ 

Most Read

Most Recent