ဘေးလ်၏ အနာဂတ်နှင့်ပတ်သက်၍ အန်ဆယ်လော့တီ အသိပေး

ဘေးလ်၏ အနာဂတ်နှင့်ပတ်သက်၍ အန်ဆယ်လော့တီ အသိပေး
Photo: Getty Images
Photo: Getty Images
Published 6 January 2022

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက တောင်ပံကစားသမား ဘေးလ်၏ အနာဂတ်နှင့်ပတ်သက်၍ အသိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ဘေးလ်သည် ရီးယဲလ်အတွက် ကစားခွင့်မရဘဲ ရုန်းကန်နေရသည်။

အန်ဆယ်လော့တီက '' ဘေးလ်က ကျွန်တော်တို့အသင်းနဲ့ စာချုပ်သက်တမ်း (၆)လ ကျန်ပါသေးတယ်။ ဒါကို သူ လေးစားမယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ သူက ဒဏ်ရာရနေတာမဟုတ်ဘဲ စိတ်ခံစားချက် မကောင်းဖြစ်နေတာပါ။ ကျွန်တော်က လာမယ့် ဗလင်စီယာနဲ့ပွဲ၊ ဒါမှမဟုတ် စူပါဖလားပွဲမှာ ကစားခွင့်ပေးနိုင်ပါတယ်'' ဟု ဆိုခဲ့သည်။ 

Most Read

Most Recent