ဗယ်လက်ကာနို နှင့် ဂီတာဖေး (တနင်္ဂနွေညနေ ၄း၃၀ နာရီ)
မက်ဒရစ်မြို့ခံ (၂)သင်းရဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အထူးသဖြင့် လက်ရှိအခြေအနေအရ အိမ်ရှင် ဗယ်လက်ကာနိုရဲ့အနိုင်ရလိုမှုက ပိုပြီးကြီးမားနေမှာလည်း သေချာပါတယ်။ ဂီတာဖေးတို့ အဝေးကွင်းမှာ ခံစစ်ပဲအားပြုလာဖို့ များနေပါတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။
အီဘာ နှင့် ဘီလ်ဘာအို (တနင်္ဂနွေည ၈း၄၅ နာရီ)
ဘီလ်ဘာအိုရဲ့ကစားပုံက မဆိုးလှပါဘူး။ ဒါပေမဲ့ နိုင်ပွဲ တွေရဖို့တော့ ရုန်းကန်နေရဆဲဖြစ်ပြီး ဒီလိုအနေအထားမှာ အိမ်ကွင်းကစားအားကောင်းပြီး အနိုင်ရဖို့ခက်တဲ့ အီဘာကိုလည်း အဝေးကွင်းမှာ နိုင်ပွဲရအောင်ကစားနိုင်ဖို့ မလွယ်ပါဘူး။ ဘီလ်ဘာအိုရဲ့အဓိကအားနည်းချက်ကလည်း ခံစစ်ပိုင်းပါပဲ။ ဒီပွဲတော့ ဂိုးနည်းပြီးသရေကျမယ်လို့ပဲထင်တယ်။
ဟူဆကာ နှင့် အက်စ်ပန်ညို (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
တဖြည်းဖြည်းနဲ့ အမှတ်ပေးဇယားရဲ့အောက်ဆုံးကို ရောက် သွားတဲ့ ဟူဆကာရဲ့ခြေစွမ်းကတော့ ဒီရာသီခြေတက်လာနေတဲ့ အက်စ်ပန်ညိုကို ပုံမှန်အတိုင်းဆို ယှဉ်နို်င်ဖွယ်မရှိပါဘူး။ ဟူဆကာရဲ့ခံစစ်အားနည်းမှုက အက်စ်ပန်ညိုအတွက် အခွင့်အရေး ပါပဲ။ ဟူဆကာ အမှတ်ရဖို့ လိုအပ်နေပေမယ့် ဒီပွဲတော့ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။
ဘက်တစ် နှင့် ဗယ်လာဒိုလစ် (တနင်္လာနံနက် ၁း၁၅ နာရီ)
ခံစစ်ပိတ်ကစားလာဖို့များနေတဲ့ ဗယ်လာဒိုလစ်ဘက်ကို ဘက်တစ်တိုက်စစ်က ဂိုးတွေရအောင် ကစားပြနိုင်ဖို့ပဲလိုနေတဲ့ ပွဲလို့ထင်တယ်။ အိမ်ရှင်ဘက်တစ်ကို ရွေးထားရမယ့်ပွဲဖြစ်နေတယ်။ ဂိုးတော့နည်းသွားနိုင်တယ်။















