■ သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဂျိုကိုဗစ် ယှဉ်ပြိုင်ရန် မသေချာသေးဟု တာဝန်ရှိသူများ ဝန်ခံ

■ သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဂျိုကိုဗစ် ယှဉ်ပြိုင်ရန် မသေချာသေးဟု တာဝန်ရှိသူများ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 24 December 2021

ဇန်နဝါရီလအတွင်းကျင်းပမည့် သြ စတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံဖြစ်သူ ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ် ပါဝင်ယှဉ်ပြိုင်ရန် မသေချာသေးကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ဝန်ခံပြောကြား သည်။

    

သြစတြေးလျအိုးပင်းပြိုင်ပွဲ၏ စည်းမျဉ်းအရ ပြိုင်ပွဲသို့လာရောက်ယှဉ်ပြိုင်မည့် ကစားသမားများနှင့် ဝန်ထမ်းများအားလုံးအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံထားရန် လိုအပ်ပြီး အကယ်၍ မထိုးထားသူများမှာ လည်း လွတ်လပ်သည့် ကျွမ်းကျင်ပညာရှင်အဖွဲ့ထံမှ ဆေးဘက်ဆိုင်ရာကင်းလွတ်ခွင့်ရရှိထားရန် လိုအပ်သည်။ 

အသက် ၃၄ နှစ် ရှိပြီဖြစ်သည့် ဂျိုကိုဗစ်သည် ယခင်က ကာကွယ်ဆေးထိုးရန် ငြင်းဆန်ထားဖူးပြီး ပြိုင်ပွဲမတိုင်မီ ဆေးထိုးထားခြင်းရှိမရှိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။ 

သို့ဖြစ်ရာ ၎င်း၏အခြေအနေနှင့်ပတ်သက်၍ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာဖြစ်သူ ခရိတ်တိုင်လေက "နိုဗက်(ဂျိုကိုဗစ်)အနေနဲ့ ဆေးထိုးထားပြီးကြောင်း ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်ရထားကြောင်း ပြသဖို့ လိုပါတယ်"ဟု ပြောကြားသည်။

    

ပြီးခဲ့သည့်ရက်ပိုင်းက COVID-19 ရောဂါ Positive တွေ့ရှိထားသူ ၀ါရင့်စပိန်ကစားသမား ရာဖေးလ်နဒါးလ်မှာမူ သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်။ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက် စတင်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent