UEFA ၏ဆုံးဖြတ်ချက်မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားပါဝင်နေသည်ဟု ကွန်တီ စွပ်စွဲခဲ့ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟုဆို

UEFA ၏ဆုံးဖြတ်ချက်မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားပါဝင်နေသည်ဟု ကွန်တီ စွပ်စွဲခဲ့ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟုဆို
Photo: Getty Images
Photo: Getty Images
Published 23 December 2021

စပါးအသင်းနှင့် ပြင်သစ်ကလပ် ရန်းစ်အသင်းတို့ ကစားရမည့်ပွဲအား စပါးအသင်းက ကစားရန်ရွှေ့ဆိုင်းခဲ့ခြင်းအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ရန်းစ်အသင်းအား (၃-ဝ)ဂိုးဖြင့် အနိုင်ပေးခဲ့ရာ ယင်းဆုံးဖြတ်ချက်အား စပါးအသင်းနည်းပြ ကွန်တီက ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့သည်။

အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများပြားနေသည့်အတွက် ပွဲရွှေ့ရန် စပါးအသင်းက မိမိဆန္ဒသဘောအလျောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး UEFA က ရန်းစ်အသင်းအား အနိုင်ပေးခဲ့ခြင်းကြောင့် စပါးအသင်းမှာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

စပါး-ဝက်စ်ဟမ်း လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲအတွက် ပြုလုပ်ခဲ့သော ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ကွန်တီက "ကျွန်တော်တို့အသင်းအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုပြဿနာကြုံတွေ့နေရတာ တစ်ကမ္ဘာလုံးသိပါတယ်။ အစိုးရက ကျွန်တော်တို့ စင်တာကို ပိတ်ထားပြီး ကျွန်တော်တို့ အသင်းကို လေ့ကျင့်ခွင့်မပေးပါဘူး။ ပွဲမကစားတာ ကျွန်တော်တို့အမှား မဟုတ်ဘူး။ UEFA ရဲ့ ဆုံးဖြတ်ချက်နောက်မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ပါဝင်နေတယ် ထင်ပါတယ်။ ဒါဟာ မျှတမှုမရှိတာကြောင့် ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ကို တိုက်ပွဲဝင်သွားပါမယ်။ အပြောင်းအလဲတစ်စုံတစ်ရာကို တွေ့မြင်ရလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်" ဟုဆိုခဲ့သည်။  

Most Read

Most Recent