ဗီလာပတ်ခ်က နုပျိုနေတဲ့ ကွင်းလယ်အင်ဂျင် (သို့မဟုတ်) ဂျာကော့ဘ်ရမ်ဆေး

ဗီလာပတ်ခ်က နုပျိုနေတဲ့ ကွင်းလယ်အင်ဂျင် (သို့မဟုတ်) ဂျာကော့ဘ်ရမ်ဆေး
Photos: Getty Images
Photos: Getty Images
Published 23 December 2021
Zay Yar Htun

"သူက အရည်အသွေးရှိ အင်္ဂလိပ်လူငယ်ကစားသမား ဖြစ်ပြီး ကွင်းထဲမှာလည်း အလုပ်ကို အကောင်းဆုံးလုပ်ဆောင်ပြ နိုင်သူပါ။ ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာဆိုလည်း ခိုကပ်လေ့ရှိသူ မဟုတ်ဘဲ အင်တိုက်အားတိုက် ကြိုးစားလေ့ရှိပါတယ်" ဒီစကားကို အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်က အသင်းလူငယ်ကြယ်ပွင့်ကစားသမား ဂျာကော့ဘ်ရမ်ဆေးကို ဘန်လေအသင်းနဲ့မကန်ခင် မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ချီးကျူးခဲ့တာပါ။ ဒါပေမဲ့ ဘန်လေနဲ့ ကန်မယ့်ပွဲစဉ်ကတော့ ကိုဗစ်အန္တရာယ်ကြောင့် ပျက်သွားခဲ့တယ်။ ရမ်ဆေးက အက်စတွန်ဗီလာ အကယ်ဒမီထွက်ပဲဖြစ်ပြီး အသက် (၁၇)နှစ်ကျော်အရွယ်မှာပဲ အသင်းကြီးနဲ့ ပရိုစာချုပ်ချုပ်ဆိုနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက League One ကလပ် ဒွန်ကက်စတာမှာ အငှားသွားကစားခဲ့တယ်။ သူ့ရဲ့ပုံစံကောင်းတွေကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီအတွင်း အက်စတွန်ဗီလာအသင်းက (၄)နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အခုချိန်မှာတော့ ဂျရတ်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက် ဖြစ်လာခဲ့တယ်။

 

Most Read

Most Recent