အက်စတွန်ဗီလာ - ဘန်လေ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက် ည ၉:၃၀ နာရီ)
ဂျရတ်ရဲ့ အက်စတွန်ဗီလာအသင်းက မန်စီးတီး၊ လီဗာပူးလ်တို့လိုအသင်းကြီးတွေကို အကြိတ်အနယ်ကစားပြီး ကပ်ရှုံးခဲ့ပေမဲ့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားနေတာ တွေ့ရတယ်။ ခြေမှန်၊ ရလဒ်မှန်ပြီး စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုမြင့်မားနေချိန်လည်း ဖြစ်တယ်။ မနှစ်က နှစ်ကျော့ပေါင်းရလဒ်မှာ ဘန်လေက ပိုကောင်းခဲ့ပေမဲ့ ဒီနှစ်တော့ ဗီလာ အများကြီး ပိုကောင်းပါတယ်။ ဗီလာပဲ ကြိုက်တယ်။
လိဒ်စ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက် ည ၁၂:၀၀ နာရီ)
လိဒ်စ်က ချယ်လ်ဆီးနဲ့ပွဲတုန်းက အကြိတ်အနယ်ကစားပြီး ဂျော်ဂျင်ဟိုရဲ့ နောက်ဆုံးမိနစ် ပယ်နယ်တီနဲ့ ကပ်ရှုံးခဲ့ပေမဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးနဲ့ပွဲမှာတော့ မထင်မှတ်တဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား ရှုံးပွဲတွေ့ခဲ့တယ်။ လိဒ်စ်က စိတ်မချရတော့တဲ့အသင်းမျိုးဖြစ်ပြီး မနှစ်ကပုံစံမျိုးလည်း မပြနိုင်တော့ဘူး။ အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းက လိဒ်စ်ထက် ပိုစိတ်ချရပြီး မာကျောပါတယ်။ အာဆင်နယ်ကို ကြိုက်တယ်။















