ဘိုင်ယန်မြူးနစ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၈ ရက် နံနက် ၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဝုလ်ဖ်ဘတ်နဲ့တွေ့ဆုံမှုတွေမှာ သိသိသာသာ အသာစီးရထားပြီး ဘွန်ဒစ်လီဂါ(၇)ပွဲဆက်တိုက်လည်း အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဘိုင်ယန်တို့ ဝုလ်ဖ်ဘတ်ကို အကြိတ်အနယ်ကစားပြီး အနိုင်ယူခဲ့ရတာ တွေ့ရတယ်။ ဝုလ်ဖ်ဘတ်ရဲ့လက်ရှိခြေစွမ်းက ပြီးခဲ့တဲ့ရာသီကနဲ့ယှဉ်ရင် အတော်လေးခြားနားသွားပြီး (၄)ပွဲဆက်ရှုံးပွဲနဲ့အတူ နိုင်ပွဲပျောက်နေတာ (၅)ပွဲအထိရှိလာလို့ အ ဆိုးဆုံးအခြေအနေ ရောက်နေတယ်လို့ ပြောနိုင်တယ်။ ဂိုးပြတ်နိုင်ပွဲ ပြန်ယူထားတဲ့ ဘိုင်ယန်ရာသီဝက်နောက်ဆုံးပွဲမှာ ပရိသတ်ကျေနပ်အောင် ဂိုးပြတ်သွင်းလိမ့်မယ်။















