တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန် ရေးရာအရ သပိတ်မှောက်မယ်လို့ အမေရိကန်က ဒီဇင်ဘာ (၆)ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် သြစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါ နိုင်ငံတွေကလည်း ဘေဂျင်းအိုလံပစ်အတွက် သံတမန်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ အသီးသီး ကြေညာချက် ထုတ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ လက်ရှိ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို စိုးရိမ်တဲ့အတွက်တဲ့။ လက်ရှိမှာ တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးတွေ တင်းမာနေတယ်။ လက်ရှိအခြေအနေက နှစ်ဖက်စလုံးမှာ စစ်အေးကာလတုန်းက သဘောထားမျိုးတွေ ရှိနေကြတယ် လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။
အမေရိကန်နဲ့ တရုတ် စစ်အေးတိုက်ပွဲကြားက ဘေဂျင်းအိုလံပစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















