အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို စတင်စစ်ဆေး

အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို စတင်စစ်ဆေး
Published 25 November 2021
အောင်မင်းသိန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက် များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအား စတင်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အစိုးရလျှို့ဝှက် ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် သြစ တြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့အား ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုဖြစ်သူကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူအား စတင်စစ်ဆေးခဲ့သော်လည်း စစ်ဆေးမှုများ မပြီးပြတ်သေးခြင်းကြောင့် လာမည့်ရုံးချိန်းတွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားကြောင်းနှင့် မည့်သည့်အ ကြောင်းအရာများအား စစ်ဆေးခဲ့သည်ကို မသိရှိရကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူက ခွင့်တိုင်ခဲ့ခြင်းကြောင့် စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ရုံးချိန်းသာပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ဒီဇင်ဘာ ၂ ရက်တွင် ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

 

Most Read

Most Recent