COVID - 19 ဓာတ်ခွဲနမူနာ ၂၄၈၅၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၆၂၅ ဦး တွေ့ရှိပြီး ၁၁ ဦး သေဆုံး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၂ရာခိုင်နှုန်းရှိ

COVID - 19 ဓာတ်ခွဲနမူနာ ၂၄၈၅၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၆၂၅ ဦး တွေ့ရှိပြီး ၁၁ ဦး သေဆုံး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၂ရာခိုင်နှုန်းရှိ
Published 20 November 2021

နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီမှ နိုဝင်ဘာ  ၂၀  ရက် ည ၈ နာရီထိ ဓါတ်ခွဲနမူနာစုစုပေါင်း ၂၄၈၅၅  ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၆၂၅ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရသိရသည်။ 

 ဓာတ်ခွဲအတည်ပြုလူနာသစ်  ၆၂၅  ဦးထပ်မံတွေ့ရှိခဲ့သဖြင့် နိုဝင်ဘာ ၁၃ ရက်အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၂  ရာခိုင်နှုန်းရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ထပ်မံသေဆုံးသူဦးရေ ၁၁   ဦးရှိသဖြင့် နိုဝင်ဘာ ၂၀   ရက်အထိ သေဆုံးသူ   စုစုပေါင်း ၁၉၀၁၁  ဦးရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၂၀  ည ၈ နာရီအထိ ဓါတ်ခွဲနမူနာ စုစုပေါင်း  ၅၃၅၁၁၁၁  ခု ကိုစစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၁၇၃၉၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ထို့အတူ နိုဝင်ဘာ ၂၀    ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၈၇၅   ဦးရှိသဖြင့်  စုစုပေါင်း ၄၉၀၀၁၅  ဦး  ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။

Most Read

Most Recent