နိုဝင်ဘာ လအတွင်း မုန်တိုင်းမိုးမိ၍ သံဖြူဇရပ်မြို့ ပငဆားကွင်းတွင် မိုးရေဝင်ပြီး ပြန်လည် လုပ်ကိုင်ရသည့်အတွက် ထုတ်လုပ်စရိတ် ပိုမိုကုန်ကျခဲ့

နိုဝင်ဘာ လအတွင်း မုန်တိုင်းမိုးမိ၍ သံဖြူဇရပ်မြို့ ပငဆားကွင်းတွင် မိုးရေဝင်ပြီး ပြန်လည် လုပ်ကိုင်ရသည့်အတွက် ထုတ်လုပ်စရိတ် ပိုမိုကုန်ကျခဲ့
Published 19 November 2021
 မောင်မောင်ရွှေမြိုင်

သံဖြူဇရပ်မြို့နယ် ပငဆားကွင်းပြင်ဆင်နေသည်ကို တွေ့ရစဉ်

မွန်ပြည်နယ်တွင် ဆားကွင်းဧက ၃၀၀၀ ခန့်နှင့် အများဆုံးထုတ်လုပ်သည့် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းသည် နိုဝင်ဘာလအတွင်း မုန်တိုင်းမိုးမိ၍ ဆားထွက်ခါနီး ဆားကွင်းများ မိုးရေဝင်ပြီး လုပ်ငန်း ပြန်လည်လုပ်ကိုင်ရသည့် အတွက် ထုတ်လုပ်စရိတ်ပိုကာ အခက်အခဲ တွေ့ကြုံရကြောင်း ဆားတောင်သူများက ပြောကြားသည်။

“ပငဆားဖိုလုပ်ငန်းတွေမှာ ဒီတစ်ရက် နှစ်ရက် မိုးရွာလာတယ်။ ဒီအချိန်မှာ စက်ညှိ မယ်။ ဂျုပ်ဆွဲတယ်။ ဆားကွင်းပြင်တာပေါ့။မိုးရွာတော့ ဆားကွင်းပေါ် မိုးရေဝင်တယ်။ဆားကွင်းက မိုးရေဝင်လို့ မရဘူး။ ဝင်ရင်ပျက် တယ်။ ပြန်လုပ်ရတယ်။ အသစ်ပြန်စရတယ်။မိုးရေဝင်တော့ ဆားရေကို ပြန်ထုတ် အသစ် ပြန်ထည့်။ လောလောဆယ်တော့ နေ့စားလုပ် ခတွေ ပိုကုန်တာပေါ့။ ဆီဖိုးနဲ့ဆို ဆားတစ်ပိ ဿာထုတ်တဲ့စရိတ်က ကျပ် ၇၀ ကနေ ကျပ် ၉၀ လောက်အထိ ရှိလာတာပေါ့။ ထုတ်လုပ်စ ရိတ်ပိုလာတဲ့အတွက် ဆားတောင်သူတွေအ တွက် အခက်အခဲပိုတွေ့လာတာပေါ့။ မနှစ် က ဒီအချိန်ဆို ဆားထွက်ခါနီးပြီ။ ဒီနှစ်က မိုး ကတအားများ အခုထိ ဖျက်မိုးကဝင်နေတော့ လွယ်လွယ်နဲ့ ဆားလှန်းလို့ မရသေးဘူး။မ နှစ်ကဆို ဒီဇင်ဘာလဆန်းလောက်ဆို ထွက် ပြီ။ ဒီနှစ်က မိုးဖျက်တယ်ဆိုတော့ မှန်းကြည့် ရင် ဒီဇင်ဘာကုန် ဇန်နဝါရီလောက်မှ ထွက် နိုင်မယ်။ ဆားအထွက်နှုန်းကလည်း ဒီကြားထဲ မှာ ရာသီဥတုဖောက်လို့ ဖျက်မိုးရွာရင် အ ထွက်က နည်းသွားမှာပေါ့။ မနှစ်က ဖျက်မိုးရွာ ပြီး ဆားအထွက်ထက်ဝက်ကျတော့ ကျွန်တော် တို့ ရှုံးတောင်ရှုံးသွားတယ်” ဟု ပငဆားကွင်းရှိ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

“မနှစ်ကထိထားတော့ ဆားတောင်သူတွေ တော်တော်လေးဒုက္ခရောက်တယ်။ အစိုးရချေးငွေကို အားကိုးပြီး လုပ်နေကြတယ်။ ဆားကွင်း စဖွင့်တာကစပြီး ဆားထွက်အထိဆိုရင် အစိုးရက စပါးလို နှစ်ခြင်းဆပ်တစ်ဧက ကျပ်တစ်သိန်းခွဲ ထောက်ပံ့ပေးရင် အဆင်ပြေမယ်။ ပြီးခဲ့တဲ့နှစ်က ထိထားတော့တော်တော် လေး နာထားတယ်” ဟု ဒေသခံဆားတောင်သူတစ်ဦးက ပြောကြားသည်။

လတ်တလော မော်လမြိုင်မြို့ပေါ်တွင် ဆားကြမ်းတစ်ပိဿာကျပ် ၁၅၀ ဝန်းကျင်ရှိရာ ပငဆားကွင်းတွင် ဆားလှိုင်လှိုင်ထွက်ချိန် တွင် တစ်ပိဿာ ကျပ် ၁၀၀ ခန့် ပေါက်ပါက အဆင်ပြေနိုင်သော်လည်း နေလှန်းဆားသည် ရာသီဥတုဖောက်ပြန်ပါက အထွက်ကျနိုင် သေးရာ ဆားစျေးကွက်၏ရှေ့အလားလာကို  မခန့်မှန်းနိုင်ဘဲ ရာသီဥတုပေါ်တွင် တည်နေ ကြောင်း မော်လမြိုင်မြို့ရှိ ဆားကုန်သည်တစ် ဦးက ပြောကြားသည်။

 

Most Read

Most Recent