မော်လမြိုင် တောင်ဝိုင်းတောင်ကို ခရီးသွားဆွဲဆောင်ရန်အတွက် ပြင်ဆင်သင့်သည်များပြင်ဆင်ရန် လေ့လာမှုပြုလုပ်

မော်လမြိုင် တောင်ဝိုင်းတောင်ကို ခရီးသွားဆွဲဆောင်ရန်အတွက် ပြင်ဆင်သင့်သည်များပြင်ဆင်ရန် လေ့လာမှုပြုလုပ်
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ကို တွေ့ရစဉ်
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ကို တွေ့ရစဉ်
Published 9 November 2021
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ကို ခရီးသွားဆွဲဆောင်ရန်အတွက် ပြင်ဆင်သင့်သည့်များ ပြင်ဆင်ရန် လေ့လာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“မော်လမြိုင် တောင်ဝိုင်းတောင်ပေါ်ကို မွန်ပြည်နယ် ဟိုတယ်ခရီးအပါအဝင် ကျွန်တော်တို့နဲ့ပေါင်းပြီး လေ့လာမှုလုပ်ပါတယ်။ တောင်ဝိုင်းတောင်ကို ခရီးသွားကို ဆွဲဆောင်ပေးတဲ့ နေရာပေါ့။ ဘယ်လိုနေရာတွေ ဆွဲဆောင်မှုရှိလည်းပေါ့။ တောင်ဝိုင်းတောင်ကို လူတွေစိတ်ဝင်စားအောင်၊ အဓိကကတော့ ခရီးသွားလုပ်ငန်းမှာ Local ကို အရင်ဆုံးဆွဲဆောင်မယ်။ နောက်မှ နိုင်ငံခြားသားကို ဆွဲဆောင်ဖို့။ အဲဒီအတွက် တောင်ဝိုင်းတောင်၊ ရဟန္တာငါးရာ၊ ပြီးရင် တောင်ဝိုင်းတောင်တစ်ပတ်၊ ရဟန္တာငါးရာကနေ ကင်မွန်းချုံကန်ဘက်ကနေ ပြန်ဆင်းတယ်။ အဲဒီလမ်းကြောင်းပိုင်းကို လေ့လာခဲ့တယ်။ ဘယ်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ရက်ကပါ။ ဟိုတယ်ခရီးနဲ့လည်း မပြီးဘူး။ သစ်တော၊ သာသနာရေးနဲ့လည်း ပေါင်းရမယ်။ဘယ်နေရာ View Point လုပ်သင့်တယ် စဉ်းစားကြပါတယ်။ ကျွန်တော်ကတော့ ခရီးသွားတွေ Save ဖြစ်ဖို့ လုံခြုံရေးကို အကြံပြုခဲ့တယ်။ ရဟန္တာငါးရာတက်မယ့် ဘုန်းကြီးကျောင်းလုံခြုံရေးထားဖို့ပါ။ နောက်ပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးမှုတစ်ခုလုပ်ရမယ်။ ဘားအံတောင်ဝိုင်းတောင်မှာ တံတားလေးတစ်စင်းလုပ်ပြီး ဆွဲဆောင်သလိုမျိုး အတုယူဖန်တီးသင့်ပါတယ်” ဟု မွန်ပြည်နယ် ခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောကြားသည်။

မော်လမြိုင် တောင်ဝိုင်းတောင်သည် ယခင်ကတည်းက နာမည်ကြီးပြီး လာရောက်မှု နည်းပါးသည့်အပေါ် သုံးသပ်ကာ ပြုပြင်ဖန်တီးမှု ပေါင်းစပ်လုပ်ဆောင်သင့်ကြောင်း၊ ယင်းတောင်ဝိုင်းတောင်ပေါ်မှ ကြည့်ပါက ကျောက်တန်းရပ်ကွက်၊ သံလွင်မြစ်ဝ၊ သံလွင်မြစ်ကူးတံတားနှစ်စင်း၊ အတ္ထရံ/ဂျိုင်းမြစ်နှင့် ကျိုက်မရောမြို့ဘက်အထိလှပပြီး တောင်တစ်ပတ်လုံးမြင်ကွင်းသည် သာယာမှုအပြည့်ရှိနေ၍ တောင်ဝိုင်းတောင်တစ်ပတ်ရှိ စေတီရုပ်ပွားတော်များ၊ လမ်းကြောများတွင်လည်း ချုံများရှင်းလင်းထားပြီးဖြစ်ရာ ပွင့်လင်းရာသီတွင် ခရီးသွားများနှစ်သက်စွာ လာရောက်မည့်နေရာ ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်အသင်း၏ ပံ့ပိုးမှုအဖြစ် ကိုဗစ်ကျန်းမာရေးလုံခြုံမှု သင်တန်းများကို ဟိုတယ်ဝန်ထမ်းများကို နှစ်သုတ်ခွဲပြုလုပ်မည်ဖြစ်ပြီး ပွင့်လင်းရာသီခရီးသွားလုပ်ငန်း ပြန်လည်သွက်လက်ပြီး ပြည်တွင်းခရီးသွားမှတစ်ဆင့် အခြေနေပေးပါက ပြည်ပခရီးသွားများအတွက်ပါ အသင့်အနေထားတွင် ရှိနိုင်ရန် လုပ်ဆောင်နေကြောင်း၊ ကိုဗစ်ကာကွယ်ရေး ကျန်းမာရေးသင်တန်းပို့ချသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent