ငွေကြေးအသည်းအသန်လိုအပ်နေသည့် ဘာစီလိုနာအသင်း ကော်တင်ဟိုအား ခေါ်ယူရန် နယူးကာဆယ်ကို ကမ်းလှမ်းမည်

ငွေကြေးအသည်းအသန်လိုအပ်နေသည့် ဘာစီလိုနာအသင်း ကော်တင်ဟိုအား ခေါ်ယူရန် နယူးကာဆယ်ကို ကမ်းလှမ်းမည်
Photo: Getty Images
Photo: Getty Images
Published 5 November 2021

အသင်း၏ ဘဏ္ဍာရေးပြဿနာများကြောင့် ငွေကြေးအသည်းအသန် လိုအပ်နေသည့် ဘာစီလိုနာအသင်းသည် အသင်း၏ လစာမြင့်ကွင်းလယ်လူတစ်ဦးဖြစ်သည့် ကော်တင်ဟိုအား  ခေါ်ယူရန်အတွက် နယူးကာဆယ်အသင်းထံ ကမ်းလှမ်းရန်စီစဉ်နေသည်ဟု သိရှိရသည်။

နယူးကာဆယ်အသင်းသည် တန်းဆင်းဇုန်မှ အလွတ်ရုန်းရန်အတွက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ  ခေါ်ယူရန် စီစဉ်နေသည်။

အသက် (၂၉)နှစ်အရွယ်ရှိ ကော်တင်ဟိုသည် လီဗာပူးလ်မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အောင်မြင်မှုများအပေါ်မူတည်၍ ဘာစီလိုနာအသင်း ပေးချေရမည့် ပြောင်းရွှေ့ကြေး တန်ဖိုးမှာ ပေါင် (၁၃၅)သန်းဝန်းကျင် ရှိနေကြောင်း သိရှိရသည်။

ထို့ပြင် ကော်တင်ဟိုသည် လက်ရှိ ဘာစီလိုနာအသင်းတွင် လစာအများဆုံးရ ကစားသမားစာရင်းဝင်ဖြစ်နေပြီး ဘာစီလိုနာအသင်းအနေဖြင့် လစာနှုန်းထားကို လျှော့ချရန်လည်း လိုအပ်နေသည်။

ထို့ကြောင့် နယူးကာဆယ်အသင်းအား ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းလိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent