အေစီမီလန်နှင့်ပွဲမှဖြစ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လူမျိုးရေးခွဲခြားမှုများကို လုံးဝသည်းခံမည်မဟုတ်ဟု ရိုးမား ထုတ်ပြန်

အေစီမီလန်နှင့်ပွဲမှဖြစ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လူမျိုးရေးခွဲခြားမှုများကို လုံးဝသည်းခံမည်မဟုတ်ဟု ရိုးမား ထုတ်ပြန်
Photo: Getty Images
Photo: Getty Images
Published 4 November 2021

စီးရီးအေထိပ်သီး ရိုးမားအသင်းသည် အေစီမီလန်နှင့်ပွဲတွင် အသင်းပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လူမျိုးရေးခွဲခြားမှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရိုးမားအသင်းအားပေးသူ ပရိသတ်များသည် အောက်တိုဘာ (၃၁) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ရိုးမား (၁-၂) အေစီမီလန်ပွဲတွင် အေစီမီလန်ကစားသမားများဖြစ်သည့် ကွင်းလယ်လူ ကက်ဆီးနှင့် ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့ကို လူမျိုးရေးခွဲခြားသည့်စကားလုံးများဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း သိရှိရသည်။

စီးရီးအေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ယင်းလုပ်ရပ်အတွက် ရိုးမားအသင်းအား ကွင်းအစိတ်အပိုင်းအချို့ ပိတ်ကစားရန် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ရိုးမားအသင်းအနေဖြင့် လာမည့်အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများ ရှိလာပါက ယင်းပြစ်ဒဏ်ကို ချက်ချင်းကျခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ရိုးမားအသင်းက လူမျိုးရေးခွဲခြားမှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရိုးမားအသင်း၏ ထုတ်ပြန်ချက်တွင် ''ရိုးမားအသင်းအနေဖြင့် လူမျိုးရေးခွဲခြားမှုများကို လုံးဝသည်းမခံကြောင်း၊ ရိုးမားအသင်းသည် လူမျိုးရေးခွဲခြားမှုကို နှစ်ပေါင်းများစွာ တိုက်ဖျက်ခဲ့ကြောင်း၊ အနာဂတ်တွင်လည်း လူမျိုးရေးခွဲခြားမှုများ ပပျောက်အောင် ရိုးမားအသင်းအနေဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း '' ဖော်ပြပါရှိသည်။ 

Most Read

Most Recent